Wednesday, 31 October 2012
လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမ

ရုန်းကန်မှု၊ တော်လှန်မှုများဖြင့် ပြည့်နှက်နေ၏။ ခေတ်သမိုင်းကို ပိုင်းဖြတ်ကြည့်သော် ခေတ်တိုင်း ခေတ်တိုင်းတွင် အားလုံး၏ ရှေ့ဆုံးမှထွက်ကာ ဦးဆောင်သူ တဦးကို ထီးထီးမားမား တွေ့ရမြဲပင်။
ဗြိတိသျှ ကိုလိုနီနယ်ချဲ့ကို ရဲရဲဝံ့ဝံ့ အာခံဝံ့သူ အဖြစ်လည်းကောင်း၊ တတိုင်းတပြည်လုံး နိုင်ငံရေးစိတ် နိုးကြားထကြွလာအောင် ဦးဆောင်လမ်းညွှန်ခဲ့သူ အဖြစ်လည်းကောင်း သမိုင်းရေးထိုးခံရသူတဦးမှာ ဆရာတော် ဦးဥတ္တမ ဖြစ်သည်။ အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေးရရှိအောင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်ခဲ့သည် ဆိုသည်မှာ အငြင်းပွားစရာမရှိသကဲ့သို့ စစ်ဖိနပ်အောက်မှ ဒုတိယ လွတ်မြောက်ရေးအတွက် ရှေးဆုံးမှ မားမားမတ်မတ် ရပ်တည်ကာ ချီတက်နေသူမှာ ဒေါ်အောင်ဆန်းစုကြည် ဆိုသည်မှာလည်း ကမ္ဘာသိပင် ဖြစ်ပေသည်။
၁၉ ရာစု အစောပိုင်းကာလမှ ၁၉၂၀ ခုနှစ်အထိ အင်္ဂလိပ်တို့သည် မြန်မာပြည်သူများ၏ ရှိခိုးခံ၊ ဘုရားထူးခံ ဘ၀များဖြင့် ကျေနပ်နေကြသော ကာလဖြစ်သည်။ ဘုန်းတော်ဘွဲ့များ ရွှေနားတော်သွင်း ဧချင်းများကို နားဆင်ရင်း သာယာလျက် ရှိခဲ့ကြ၏။
၁၉၁၁ ခုမှ ၁၉၂၀ ၀န်းကျင်အတွင်း ဆရာတော်သည် သူရိယသတင်းစာကြီးမှတဆင့် နိုင်ငံရေး ဆောင်းပါးများ ရေးသားကာ ကျွန်သဘောက်ဘ၀တွင် အိပ်မောကျနေသော မြန်မာလူထု၏ အမျိုးသားရေး စိတ်ဓာတ်များကို နှိုးထခဲ့စေလေသည်။ ဆရာတော်သည် ယခုခေတ်စားနေသော “လူ့အခွင့်အရေး” နှင့် လွတ်လပ်ရေး အကြောင်းကို ရှင်းလင်းရေးသား ပြခဲ့လေသည်။ ထို့အပြင် နိုင်ငံသူနိုင်ငံသားများ ဦးထိပ်တင်သော ရဟန်း သံဃာတော်များကိုလည်း သင်္ကန်းခေါင်းမြီးခြုံကာ အိပ်မနေဘဲ တိုင်းသူပြည်သားများအတွက် လောကတ္ထစရိယ၊ ဉာတတ္ထစရိယ တည်းဟူသော ကိုယ့်လူမျိုးအတွက် ကိုယ့်လောကအတွက် အလုပ်လုပ်ကြရန် ရေးသားခဲ့လေသည်။
ဆရာတော်သည် ယင်းသို့ ရေးသားမှုကြောင့် ထိုခေတ်က သံဃာတော်များ၏ ၀ိုင်းပယ်ခြင်းကို ခံခဲ့ရသကဲ့သို့ ဘာသာရေးအမြင်သာရှိပြီး နိုင်ငံရေးအမြင် အားနည်းသော သို့မဟုတ် အကြောက်လွန်သော သူများ၏ ဖယ်ကျဉ်ခြင်းကို ခံခဲ့ရလေသည်။ သို့သော် ဆရာတော်ကား အလျဉ်းမမှုဘဲ မိမိရည်မှန်းချက်အတိုင်း ဆယ်စုနှစ်တခုခန့် အမျိုးသားရေး စိတ်ဓာတ်၊ လွတ်လပ်ရေး စိတ်ဓာတ်များကို ပျိုးထောင်ပေးခဲ့ရာ ၁၉၂၀ ပြည့်နှစ်ရောက်သောအခါ မြန်မာပြည်သူများ၏ နှလုံးသားတွင် ရှေးဦးစွာ ဖူးပွင့်လာခဲ့ပါတော့သည်။
ယင်းအကြောင်းနှင့်စပ်လျဉ်း၍ ဗမာ့ခေတ် သတင်းထောက် ဦးဘရင် ရေးသားသော “ဆရာတော်ဦးဥတ္တမ” စာအုပ်တွင် ဤသို့ ရေးသား ဖော်ပြခဲ့သည်။
“… လူဟာ လူ့အခွင့်အရေး ဘာလဲဆိုတာ နားလည်လာကြတယ်။ ကိုယ့်အခွင့်အရေး ကိုယ်သိပြီး မရ ရအောင် ကြိုးစားတတ်ရင် ဒါဟာ လူစိတ်ရှိတယ်လို့ ဦးပဉ္ဇင်း ဆိုလိုတာပဲ။ ဟော … အခု ရန်ကုန်ကောလိပ် ကျောင်းသားတွေက စပြီး အင်္ဂလိပ်ကျောင်းတွေက သင်ပေးတဲ့ပညာကို မကျေနပ်လို့ သပိတ်မှောက်ကြကုန်ပြီတဲ့။ ရန်ကုန်မြို့ကနေပြီး အဲဒီကိစ္စကြီးမှာ ဦးပဉ္ဇင်းထံ အကြံညဏ်တွေ ယူချင်လို့ ဦးပဉ္ဇင်းကို ရန်ကုန်ကြွလာခဲ့ပါဆိုတာ ကြေးနန်းစာ အခုပဲရတယ်။ ဗမာတွေ ဒီလို စိတ်တွေဝင်စားလာကြဖို့ မျှော်လင့်ပြီး ဦးပဉ္ဇင်း ကြိုးစားနေတာ အခုတော့ ကြိုးစားရကျိုးနပ်ပြီ။ ဒါကြောင့် ဦးပဉ္ဇင်း သေပျော်ပါပြီလို့ ပြောတာ” ဟု ဦးဥတ္တမ၏ ဒွေးတော်၊ ဦးရီးနှင့် ညီဖြစ်သူတို့ကို ရှင်းပြခန်း ဖော်ပြထားသည်။
ယင်း ပထမ တက္ကသိုလ် ကျောင်းသားသပိတ်ကြီးကား အုပ်စိုးသူ အင်္ဂလိပ်တို့ နှာခေါင်းကို ကျည်ပွေ့ဖြင့် ပြင်းပြင်းထန်ထန် ဖြတ်ရိုက်ခံလိုက်ရခြင်း ဖြစ်၏။
ပထမကျောင်းသား သပိတ်ကြောင့် မြန်မာနိုင်ငံအ၀ှမ်းတွင် အမျိုးသားကျောင်းများ အမျိုးသားရေး စိတ်ဓာတ်များ တောမီးပမာ လောင်ကျွမ်းခဲ့ရာ ယင်းမျိုးစေ့ကို စတင်ပျိုးကြဲခဲ့သူ ဆရာတော်လည်း တောရောမြို့ပါ လိုက်လံ၍ ၀ံသာနု ရက္ခိတ အမျိုးသားရေးတရားများကို အားသွန်ခွန်စိုက် ဟောခဲ့လေသည်။
၁၃၇၄-ခုသက်တော်၂၉မွေးနေ့တပည့်တကာများနှင့်အမှတ်တရ
အနာဂတ်အတွက် အသက်တမျှအရေးကြီးသည့် လူထုစည်းဝေးပွဲကြီး အောင်မြင်စွာကျင်းပနိုင်ခဲ့
|
![]()
ရသေ့တောင်တွင်ပြုလုပ်သည့်
လူထုအစည်းအဝေးသည် ရခိုင်တစ်မျိုသားလုံးအတွက်အရေးကြီးသောကြောင့် ရန်ကုန်သို့
ဆေးကုရန်သွားရမည်ကို မသွားဘဲ အစည်းအဝေးသို့ တက်ရောက်ရှိလာသော
ဒွါရာဝတီအသျှင်ကုသလက "အခုရသေ့တောင်ပွဲဟာ ဦးဇင်းကျောက်ကပ်ထက်
အရေးကြီးပါတယ်။ ရခိုင်ပြည်သူလူထုတစ်ရပ်လုံး၏ အသံဖြစ်ပါတယ်။
ရခိုင်ပြည်သူလူထုတစ်ရပ်လုံး၏ ဆန္ဒဖြစ်တဲ့အတွက်ကြောင့် ဒေသကိုယ်စား
ဦးဇင်းကြွရခြင်းဖြစ်ပါတယ်။ " ဟု ဆရာတော် မိန့်ကြားခဲ့သည်။ |
Subscribe to:
Posts (Atom)