Saturday 9 February 2013

 
                          နေပြည်တော်၊တပ်ကုန်း၊ရွေုးစု
              အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့်ကျောင်းတိုက်
တတိယ အကြိမ် ယဉ်ကျေးလိမ္မာကလေးတရားစခန်း ကို အရှင်သုဇာတ
ဓမ္မာစရိယ၊ကမ္မဋ္ဌာနာစရိယ၊M.A(Buddhism,Thesis)မဂဓတက္ကသိုလ် မှ ဦးစီကာ
၁၃၇၄ ခု ဒီဇင်ဘာကျောင်းပိတ်ရက်၌ ဖွင့်လှစ်ခဲ့ပါသည်။၃၀.၁၂.၂၀၁၂ နေ့တွင်တရားစခန်းဝင်ရောက်
ခဲ့ကြသော ကျောင်းသူ ကျောင်းသား (၁၇၀)တို့အား စာရေးကိရိယာများ လှုဒါန်းကာ၊မြိ့နယ်
သံဃနာယက ဒု ဥက္ကဋ္ဌ ဆရာတော် နှင့်အကျိုးတော်ဆောင် ဆရာတော်တို့မှအခမ်းအနားသိမ်းပွဲသို့ တက်ရောက်ကာ သြ၀ါဒချီးမြှင်းခဲ့ကြပါသည်။ဆက်လက်ပြီတော့ ကလေးတရားစခန်းဖွင့်လှစ်ခဲ့သော
ဆရာတော် အရှင်သုဇာတ မှလည်း ဘ၀မှာလူသားတိုင်း အဆင့်တန်းမြင့်မြင့် နေထိုင်သွားနှိင်ရန် ကြိုးစား
အားထုတ်နေကြသလို၊အနှစ်သာရ ရှိရှိလည်း နေထိုင်သွားရန်အတွက် ကြိုးစား အားထုတ် လေ့လာ
သွားဖို့လည်း လိုအပ်ကြောင်း ၊လူသားတိုင်းသည် ဆန္ဒနှင့်ဘ၀ တစ်ထပ်တည်း မကျသောအခါ၌လည်း
စိတ်ဆင်းရဲမှု အလိုမကျမှု အားငယ် စိတ်ပျက်မှုဆိုတာလေးတွေ ဖြစ်တတ်ကြပါတယ်။ထိုကဲ့သို့ လောကဓံမျိုးနှင့် တွေကြုံရတဲ့အခါမှာလည်း ဘာဝနာတရားကို လေ့လာအားထုတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်
အတွက် တည်ငြိမ်အေးချမ်းမှုနဲ့ လျှောက်လှမ်းနှိင်မှာဖြစ်ကြောင်း……စသည်ဖြင့်မိန်းကြားကာ…အခမ်း
အနားကို …ဗုဒ္ဓမြတ်စွာ သာသနာ ရောင်းဝါနေသိုလင်းစေသော်..ဟုကြွရောက်လာကြသောပရိတ်သတ်
များနှင့်ကျောင်းသူ ကျောင်းသားများမှ သံပြိုင်ညီညာ(၃)ကြိမ်ရွက်ဆိုကာ အခမ်းအနားကို နေ့လည်(၂)နာရီ
အချိန်တွင် ရုပ်သိမ်းခဲ့ကြပါသည်။
Facebook.uthuzata44@gmail.com  , http,//rammarnway.blogpost.in……ဖုန်း၀၉၄၉၂၈၄၂၂၃






Tuesday 5 February 2013