Wednesday, 24 July 2013

မြန်မာစာ ဖြစ်ပေါ်လာပုံအကြောင်း သိကောင်းစရာ


ရခိုင်လူမျိုးနှင့် မြန်မာစာ ဖြစ်ပေါ်လာပုံအကြောင်း သိကောင်းစရာ
Wednesday, December 12, 2012
အသျှင်ရက္ခိတ၀ံသ ( မြီပုံ )


ရခိုင်လူမျိုးနှင့်မြန်မာစာ ဟူသော ဆောင်ပါးသည် ရခိုင်လူမျိုးနှင့်။ မြန်မာစာ မည်သို့ မည်ပုံ ဆက်စပ်နေသည်ကို သိရှိနိုင်
ကြစေရန် ရည်ရွယ်ချက်ဖြင့် ဤဆောင်းပါး ကို ရေးသားရခြင်းဖြစ်ပါသည်။ ရခိုင်လူမျိုးနှင့် မြန်မာစာ မြန်မာစာနှင့် ရခိုင်
လူမျိုး ကိုမည်သည့်အခါမျှ ခွဲခြား၍ ရလိမ့်မည်မဟုတ်။ အဘယ်ကြောင့် ဆိုသော် မြန်မာစာကို ရခိုင်လူမျိုးတို့က မိမိတို့၏
ကိုယ်ပိုင်စာပေ´´ အနေဖြင့် အသိ အမှတ်ပြုထားသောကြောင့် ဖြစ်၏။



မြန်မာနိုင်ငံတွင် မြန်မာစာဟု သတ်မှတ်ခံထားရသော ´အက္ခရာစာပေ´´ ကို ရခိုင်လူမျိုးတို့က မိမိတို့၏ ´´ရခိုင်စာဟူ၍
သာ သိနေကြပါသည်။ စာပေကို ရေးသားသည့်အခါ၌ ရခိုင်စကား အပြောအသုံးအနှုန်းဖြင့် ရေးသားခြင်း၊ စာပေအသုံး
အနှုန်းဖြင့် ရေးသားခြင်းဟူ၍သာ ခွဲခြားထားသည်။ အက္ခရာ စာပေအနေဖြင့်မူသည် အက္ခရာသည် စာပေဖြင့်သာ
ရေသားနေကြခြင်း ဖြစ်ပါသည်။



ယင်းစာ အမျိုးအစားကို ရခိုင်တို့က ´ရခိုင်စာ´(သို့မဟုတ်) ရက္ခ၀ဏ အက္ခရာ´ ဟုအမည် ပေးကာခေါ်ဝေါ်သမှုပြုနေကြ
သည်ကိုလည်း တွေမြင်နိုင်ပါသည်။ မြန်မာနိုင်ငံတွင် လူမျိုးပေါင်း´၁၃၅´ မျိုးရှိကြသည့်အနက်´ မြန်မာစာ အရေးအသား
ကို မည်သည့်လူမျိုးတို့က ရှေ့ဦးစွာ စတင်ရေးသားခဲ့ကြသည်ကို လေ့လာစူးစမ်းဖို့ အချိန်တန်ပြီ ဟု စာရေးသူယူဆပါ
သည်။ အကယ်၍ အဖြေမှန် ထွက်ရှိခဲ့ပါလျှင်လည်း အားလုံးသဘောထားကြီးစွာဖြင့် လက်ခံအတည်ပြုပေးကြဖို့ ကိုလည်း
အနူးအညွတ် မေတ္တာရပ်ခံလိုက်သည်။



မြန်မာနိုင်ငံအတွင်း၌ကား ရှေ့က ရခိုင်လူမျိုးတို့တွင် ´ရခိုင် စာ´၊ မွန်လူမျိုးတို့ တွင်´မွန်စာ´၊ ပြူ(ပျူ) လူမျိုးတို့တွင်
´ပြူ(ပျူစာ)´ ဟူ၍ ကိုယ်ပိုင် စာပေအသီးသီး ရှိခဲ့ကြသည်အနက် သည်ဆောင်းပါးသည် ´မွန်နှင် ပျူစာ´ကို လေ့လာ
ဆန်းစစ်မှု မပြုတောပဲ´မြန်မာစာဟု သတ်မှတ်ခံထားရသော´ရခိုင်စာ´ကိုသာ နှစ်ဖက်နှိုင်းယှဉ်၍ ဝေဖန်သုံးသပ်တင်
ပြသွားမည်ဖြစ်ပါသည်။ နှစ်ဖက်နှိုင်းယှဉ်ရာ၌ နှစ်ဖက်စလုံးမှ ထင်ရှာပြီးခိုင်မာသော သမိုင်းဆိုင်ရာ ခေတ်ပြိုင်အထောက်
အထား တစ်ခုစီကိုသာထုတ်နှုတ်၍ ရေးသားတင်ပြသွားပါမည်။



အထောက်အထားရှိတိုင်း အကျယ်တ၀င့် တင်ပြဖို့ဆိုသည်မှာ မဂ္ဂဇင်းက စာမျက်နှာနေရာ ပေးနိုင်သည် မဟုတ်ပါ။
ရခိုင်နှင်မြန်မာ ခေတ်ပြိုင်မှုကိုရှာကြည့်ခြင်း မြန်မာစာပေ´ကို ရေးသားနေကြသည့်´ရခိုင် လူမျိုးနှင့် မြန်မာလူမျိုး´´တို့၏
ခေတ်ပြိုင်အချိန်ကာလကိုရှာကြည့်သော် ဤသို့တွေရ၏။



ပုမင်း အင်းတောင်ညောင်ရမ်းနောင် ကုန်းဘောင်ခုနစ်ဆက်´´ဟူသော သင်္ကေတ သံပေါက်ကဗျာအရ မြန်မာလူမျိုးတို့
တွင် ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် ဟူ ၍ခေတ်(၆)ခေတ်
ထွန်းကားခဲ့သည်ကို တွေရှိရပါသည်။



ရခိုင်လူမျိုးတို့တွင်လည်း ဒွါရာဝတီခေတ်၊ ဝေသာလီခေတ်၊ ဓည၀တီခေတ်(ပ၊ဒု၊တ)ခေတ်၊ဝေသာ လီကျောက်လှေကား
ခေတ်၊ လေးမြိုခေတ်၊ မြောက်ဦး(ပ၊ဒု၊တ)ခေတ်ဟူ၍ ခေတ်(၆)ခေတ် ထွန်း ကားခဲ့ သည်ကို တွေ့ရှိနိုင်သည်။ သို့သော်
အချိန်ကာလ ကြာမြင့်ပုံခြင်းတော တူနိုင်မည်မဟုတ်ပါ။ ယင်းတို့အနက် မြန်မာတို့၏ ပုဂံခေတ်နှင့် ရခိုင်တို့၏ လေးမြို
ခေတ်မှာ ခေတ်ပြိုင်ဖြစ်ကြ၏။ မြန်မာတို့ ဘက်ကပုဂံ ၏ထင် ရှား သော´ရာဇကုမာရ် ကျောက်စာခေါ်မြစေတီ ကျောက်
စာ´´ကို ခိုင်မာသောအထောက် အထားအဖြစ် တင်ပြမှာဖြစ်ပြီး၊ ရခိုင်တို့ဘက်က စစ်တွေမြို့ ခေါင်းလောင်း ကျောင်း
တိုက်ရှိ လေးမြို့ခေတ်´ရခိုင် ဘုရင်မင်းရင်ဖြူ´သွန်းလုပ်ပူဇော်ခဲ့သော ဘုရား၏ ´စမ္မခဏ်း ကမ္မည်းစာ´ကိုခိုင်မာသော
အထောက် အထား အနေဖြင့် တင်ပြသွားမှာ ဖြစ်ပါသည်။





မြန်မာတို့၏ ပုဂံခေတ်..

ကြာ၊ မိုး၊ အံ၊ ပုဂံ တည်´ဟူသောဆောင်ပုဒ်အရ ပျဉ်ပြားမင်း (အေဒီ-၈၄၆ မှ ၈၇၈)ထိသည် ယခုလက်ရှိ ပုဂံမြိုကို
တည်ချိန်မှာ ကောဇာ-၂၁၁-ခု၊ ခရစ်အေဒီ ၈၄၉ ခုဖြစ်၏၊ ပုဂံ ပျက်ချိန်ကား´စောမွန်နစ်မင်း´(အေဒီ.၁၃၂၅ မှ ၁၃၆၉)
လက်ထက်တွင် ဖြစ်လေ၏။ ပျဉ်းပြားမင်းသည် ပုဂံမြိုကို တည်ဆောက်နေသည် အချိန်တွင် ပုဂံ၌ ´ထေရ၀ါဒ ဗုဒ္ဒသာ
သနာ´´မရောက်ရှိသေး၊ အလားတူ´မြန်မာစာ´ဟူသော စာပေရေးသားမှု အတတ်ပညာသည်လည်း လုံးဝမရှိသေး
သည်ကို တွေ့ရ၏။




ပုဂံမြို့၌ ပျဉ်ပြားမင်းလွန်ပြီးနောက် တန်နက်မင်း(အေဒီ-၈၇၈-၉၀၆)၊ ၄င်းနောက် စလေငခွေး မင်း (အေဒီ ၉၀၆-၉၁၅)
၎င်းနောက် သိန်းခိုမင်း (အေဒီ ၉၁၅-၉၃၁)၊ ၄င်းနောက် ညောင်ဦး စောရဟန်းမင်း (တောင်သူမင်းကြီး) (အေဒီ-၉၃၁-
၉၆၃) ၄င်းနောက်ကွမ်းဆော် ကြောင်ဖြူမင်း(အေဒီ-၉၆၄-၉၈၆) ၄င်းနောက် ကျည်စိုးမင်း(အေဒီ-၉၈၆-၉၉၂) ၄င်းနောက်
စုက္ကတေမင်း (အေဒီ-၉၉၂-၁၀၁၇) ၄င်းနောက် အနော်ရထာမင်း(အေဒီ-၁၀၄၄-၁၀၇၇) လက်ထက်မှ ထေရ၀ါဒ ဗုဒ္ဒ
သာသနာကို မွန်ရဟန်းတော် ရှင်အရဟံ၏ အကူအညီဖြင့် တည်ဆောက်ခဲ့ရ၏။ ယင်းအချိန်ထိ ´ပုဂံ´၌ ´မြန်မာစာ´´
ဟူသော အရေး အသားမရှိသေးချေ။ မွန်လူမျိုးတို့၏စာပေကိုသာ မွန်ပညာရှင်မျာ၏ အကူအညီဖြင့် ရေး သားနေကြ
ရလေ၏။ အနော်ရထာမင်း လွန်ပြီးနောက် စောလူးမင်း (အေဒီ-၁၀၇၇-၁၀၈၄) ၄င်းနောက် ကျန်စစ်သားမင်း (အေဒီ-
၁၀၈၄-၁၁၁၃) လက်ထက်တွင် ´´ဇေယျခေတ္တရာ´´အမည်ရှိသော သားတော် ´ရာဇကုမာရ်´ သည် ပုဂံ၌´မြစေတီ
ဘုရား´ကိုတည်၏။ မြစေတီဘုရား၌ သူ၏ ကုသိုလ်တော် မှတ်တမ်းကို ´ပါဋိ၊ မြန်မာ၊ မွန် ၊ပြူ´ ဟူ၍ ဘာသာလေးမျိုး
ဖြင့် ကမ္မည်းစာ ရေးထိုးစေခဲ့ပါသည်။




ယင်း မြစေတီ ဘုရားကျောက်စားကား ပုဂံခေတ် ကျောက်စာများအနက် ´ရှေ့အကျဆုံး ကျောက် စာ´ဖြစ်၏။ မြစေတီ
ကျောက်စာကို သာသနာတော် သက္ကရာဇ် ၁၆၅၇၊ ကောဇာ-၄၇၅-ခု (ခရစ်အေဒီ- ၁၁၁၃)တွင် ရေးထိုးခဲ့ခြင်း ဖြစ်
ကြောင်းသိရှိရသည်။ ယင်းအချိန်ထိ ပုဂံ၌´ပြူလူမျိုး´ တို့ရှိနေသေးသည် ကိုတွေ့ရ၏။





ရခိုင်တို့၏ လေးမြို့ ခေတ်

ရခိုင်တို့၏လေးမြို့ခေတ်သည် အေဒီ ၈၁၈ မှ ၁၄၃၀ ထိကြာမြင့်ခဲ့သည်ကိုတွေ့ရှိရ၏။ လေးမြို့ခေတ်ဆိုသည်မှာ အဉ္စန
နဒီမြစ်၏ ၀ဲယာ၌ ပဉ္စာမြို့ ပုရိန်မြို့ နေရဉ္စ၇ာ တောင်ငူမြို့လောင်းကြက် မြို့ ဟူ၍ မြို့လေးမြို့ တည်ရှိခဲ့သည်ကို
အကြောင်းပြု၍ ´လေးမြိုခေတ်´ ဟုခေါ်တွင်ခဲ့ခြင်းဖြစ်သည်။ မြန်မာတို့၏ ပျဉ်ပြားမင်းသည် ယခုလက်ရှိ ´ပုဂံမြို့´ ကို
မတည် ဆောက်ရသေးမီ(၃၁)နှစ်အလိုက လေးမြို့ခေတ် ရခိုင်ဘုရင် ´ခေတ္တသင်မင်း´ သည် ပဉ္စာမြို့´ ကိုသာသနာ
၁၃၆၂ ခု၊ ကောဇာ ၁၈၀-ခု၊ (အေဒီ-၁၈၁) တွင် တည်ဆောက်ထားပြီးဖြစ်နေပါသည်။



ရခိုင်တို့၏လေးမြိုခေတ်´ခေတ္တသင်မင်း´ လက်ထက်တွင် ထေရ၀ါဗုဒ္ဒသာသနာထွန်းကားနေမှု ကို မဆိုထား ဘိ၊
လေးမြိုခေတ်၏ အထက်ကဝေသာလီကျောက်လှေ ကားခေတ် (အေဒီ-၃၂၇-မှ ၈၁၈ထိ) တွင် လည်းကောင်း တတိယ
ဓည၀တီခေတ် (ဘီစီ-၅၆၉ မှ အေဒီ ၃၂၆ ထိ) တွင် ၄င်း ထေရ၀ါ ဒဗုဒ္ဒသာသနာနှင့်အတူစာပေယဉ်ကျေးမှု အနုပညာ
များ ထွန်းကားလျှက်ရှိနေပြီဖြစ်ကြောင်း ယုံမှားသံသယမရှိ ခိုင်မာသော အထောက်အထားများက သက်သေပြု
လျှက်ရှိနေကြပြီဖြစ်ပါသည်။



ယင်းတိုအနက် လေးမြို့ခေတ် (အေဒီ-၈၁၈-မှ ၁၄၃၀ထိ) ပဉ္စာမြိုတည်´ခေတ္တသင်မင်း´မှ(၃)ဆက်မြောက်´ဘုရင်မင်း
ရင်ဖြူ´ လက်ထက် (အေဒီ-၈၄၃ မှ ၈၇၃ ထိ) အေဒီ ၈၄၇တွင် သွန်းလုပ်ပူဇော်ခဲ့သော ဗုဒ္ဒဆင်းတုတော်(ဥာဏ်တော်
အမြင့် ၁ပေ ၂.၃ လက်မ၊ ယခုအခါ စစ်တွေမြို၊ ခေါင်းလောင်းကျောင်းတိုက်တွင် ကိန်းဝပ်လျှက်ရှိသည်၊။) ၏´စမ္မခဏ်း
ကမ္မညာ်းစာ´ ကို သာ ရခိုင်စာပေဘက်က ခိုင်မာသော အထောက်အထား တစ်ခုအနေဖြင့် တင်ပြသွားမည်ဖြစ်ပါသည်။





ဘုရားဆင်းတုတော် စမ္မခဏ်ကမ္မည်းစာ

အဆိုပါဘုရား၏ စမ္မခဏ်စာမှာ ယခုခေတ်´မြန်မာစာ´ဟုသတ်မှတ်ခံထားရသော´ရခိုင်စာ´ အရေး အသားဖြင့်
ရေးထိုးမှတ်တမ်းတင်ထားသည်ကို အောက်ပါအတိုင်းတွေရှိရသည်၊´သက္ကရာဇ် ၉၊ကဆုန်လဆန်း ၆ရက်၊ တနင်္လာ
၅ နာရီကျော်သော..ရောက်…ကြီးသွန်းအဲသည်။ ငင်္မင်္ရဖြူကောင်းမှုဘုရား ပဉ္စလောစာပြီးပြည့်စုံသည်၊ ဘုရားပြုသှောဝ်
အကျိုးဝ်အားဖြင့် ဘုရားမချွတ်ဖြစ်စေသှော…..။ ဟူ၍ ရေးထိုးထားပါသည်။



အထက်ဖေါ်ပြပါဘုရား၏´စမ္မခဏ်ကမ္မည်းစာ´ကိုပြည့်စုံအောင်ဖြည့်စွက်ဖတ်ရှုသော် အောက်ပါအတိုင်းဖြစ် ပါသည်။
သက္ကရာဇ် ၂၀၉၊ ကဆုန်လဆန်း ၆ရက်၊ တနင်္လလာနေ့ ၅ နာရီကျော်သော (အချိန်) ရောက်(သော အခါ) ကြေးသွန်း
အပ်သည်။ ငါမင်းရင်ဖြူကောင်းမှု ဘုရားကို ပဉ္စလောဟာဖြင့်(သွန်းလုပ်)ပြီးပြည့်စုံသည်။ ဘုရားပြုသောအကျိုးအားဖြင့်
ဘုရားမချွတ်ဖြစ်စေသော်´ဟူ၍ဖြစ်ပါသည်။ လေးမြိုခေတ် ရခိုင်ဘုရင် မင်းရင်ဖြူသည် အထက်ဖေါ်ပြပါ ဘုရား၏
´စမ္မခဏ်ကမ္မည်းစာ´ ကို ရက္ခ၀ဏအက္ခရာ-ရခိုင်စာ´ဖြင့်ရေးထိုးခဲ့သောနှစ်မှာ ကောဇာ ၂၀၉ခု၊ ခရစ်အေဒီ ၈၄၇ ဖြစ်
ရာ မြန်မာတို့ယခုလက်ရှိ ပုဂံမြို့ကို မတည်ဆောက်ရသေးမီ (၂) နှစ်အလိုက ဖြစ်ပါသည်။ သို့ဖြစ်၍´ရာဇကာမာရ်
ကျောက်စာခေါ် မြစေတီကျောက်စာ´ သည် ယင်းအချိန်၌ ရှိဖို့မဆိုထားနှင့် ´ပုဂံမြို့ ပင်မရှိသေးသောကြောင့် ´မြန်မာ
စာပေ´ အရေးအသားမှာလည်း မြန်မာတို့အနေဖြင့်´အိမ်မက်တောင်မက်ဖို့´မလွယ်ကူသေးချေ။





မြန်မာလူမျိုးနှင့်မြန်မာစာ

မြန်မာသမိုင်းဆရာများက မြန်မာသည်´ပြူလူမျိုး´ ကဆင်းသက်လာသူများဟုခံယူထားကြ၏။ ယင်းသို့ ဆိုလျှင် အဘယ်
ကြောင့်မြန်မာတို့သည် ´ပြူစာ´ကို မိခင်စာပေအဖြစ် ရပ်တည်အောင် မဆောင်ရွက်နိုင်ကြခဲ့ပါသနည်း? ဟုမေးစရာရှိနေ
ပါသည်။ယခုအခါ ပြူလူမျိုးနှင့်ပြူစာပေမှာ မြန်မာမြေမျက်နှာပေါ်က လုံးဝဆိတ် သုဉ်းပျောက်ကွယ်သွားကြပြီဖြစ်၏။
အချိုသမိုင်းဆရာများက မြန်မာစာသည်´မွန်စာ´က ဆင်း သက် လာသော စာဟုကြံဆကြပြန်၏။ ထို့သို့ဆိုလျှင် လည်း
အဘယ်ကြောင့်မြန်မာတို့သည် ´မွန်စာ´ ကိုနိုင် ငံသုံးစာပေအဖြစ် ရပ်တည်အောင် မဆောင်ရွက်နိုင်ခဲ့ကြပါသနည်း။ ဟု
မေးစရာတွေအများကြီး ရှိနေပါသည်။



အမှန်က ´ပြုစာ´ သည် ပြူလူမျိုးတို့နှင့်သာ တိုက်ရိုက်သက်ဆိုင်နေပြီး ´မွန်စာ´ သည် လည်း မွန်လူမျိုးတို့နှင့်သာ
တိုက်ရိုက်သက်ဆိုင်နေသော စာပေဖြစ်ကြောင်းလေ့လာတွေ့ရှိရပေသည်။ ယနေ့မျက်မှောက်ခေတ် ´မြန်မာစာ´ ဟု
သတ်မှတ်ခံထားရသော ´ရခိုင်စာ´ သည်လည်း ရခိုင်လူမျိုး တို့နှင်သာ တိုက်ရိုက်သက်ဆိုင်ခဲ့ကြသဖြင့် ရခိုင်လူမျိုးတို့
သည် ကိုယ့်စာပေကို ခေတ် အဆက်ဆက် တည်တံ့အောင် ထိန်းသိန်းစောင့်ရှောက်လာခဲ့ကြ သည်မှာ ခေတ် တိုင်း
ခေတ်တိုင်းတွင် ပေါ်ထွန်းခဲ့သော ´ရခိုင်စာပေအထောက်အထားများ´ကသက်သေပြုလျှက်ရှပေတောသည်။



မြစေတိကျောက်စာ၌ ပါရှိသော ´မြန်မာစာ´ ကိုမြန်မာသမိုင်းဆ၇ာများက ´ပျူစာကဆင်း သက် လာသော စာ´ဟု
ထင်မြင်ချက်ပေးကြ၏။ အလားတူ အချိုသမိုင်းဆရာများ က`မွန်စာကဆင်း သက် လာသော စာ´ဟူ၍လည်းထင်မြင်
ချက်ပေးကြပြန်၏။



အမှန်ကယင်း´ပြူစာနှင့်မွန်စာ´နှစ်မျိုးစလုံးသည်ပင်လျှင် မြစေတီကျောက်စာ၌ ပါရှိနေပြီးဖြစ်သောကြောင့်၊ ယင်းစာ
နှစ်မျိုးက ဆင်းသက်လာသောစာဟု သတ်မှတ်နေကြခြင်းသည် လုံးဝယုတ္တိမရှိချေ။ အဘယ်ကြောင့်ဆိုသော် စာပေတို့
မည်သည် အချိန်ကာလတစ်ခုတည်း ၌ နေ့ချင်ညချင်းပြောင်း လွဲရိုး ထုံး စံမရှိသောကြောင့်တည်း.။ ပြောင်းလဲဖို့ဆို
သည်မှာလည်း ခေတ်ကာလ အတော်ကြာမြင့်အောင် စောင့် ဆိုင်းရပေလိမ့်မည်။ မြစေတီကျောက်စာ (´မြန်မာ) သည်
ပြူစာနှင်မွန်စာက ဆင်းသက်လာသော စာ မဟုတ်ကြောင်းကို ´မြစေတီကျောက်စာ´ကပင်လျှင် အခိုင်လုံဆုံး သက်သေ
ပြု လျက်ရှိနေပေတော့သည်။



အမှန်က ´မြစေတီကျောက်စာ´၌ပါရှိသော ´မြန်မာစာ´သည် ´ပြောင်းလဲလာသောစာ´ မဟုတ် ပဲ´ရောက် ရှိလာသော
စာ´ဟုဆိုမှ သဘာဝယုတ္တိကျမည်ကို မြန်မာပညာရှိတို့ သိရှိနိုင်ကြပါလျှက် မသိ ချင်ယောင်ဆောင်နေ ခဲ့ကြပြီး အဖြစ်မှန်
ကို ရေငုံနှုတ်ပိတ် လုပ်နေခဲ့ကြသည်ကိုတွေ့ရ၏။





အဖြေမှန်ကို သိရှိလိုပါက

လေးမြို့ ခတ်၊ပဉ္စာမြို့(၁၂)ဆက်မြောက်မင်းဘီလူးကို အေဒီ-၁၀၆၈တွင်´၀ရောင်းငှက်အသင်္ခယာ´အမတ်က လုပ်ကြံ
သဖြင့် ကွယ်လွန်သည်။ မင်းဘီလူး၏သားဖြစ်သူ အိမ်ရှေ့မင်းသား´မင်းရဲဘယ´ သည် မိဖရား ´စောပေါက် ညို´
ပေါက်ညိုမြ)နှင့်အတူ ရခိုင်ပညာရှိအမတ်အချို့လိုက်ပါလျှက် ´ဘူးရွက်မညှိုးလမ်း´ က အရှေ့ ပုဂံပြည်သို့ထွက်ပြေးကာ
´အနော်ရထာ´ မင်းထံခိုလှုံခဲ့ရသည်။



အဆိုပါ မင်းရဲဘယမိသားစုတို့သည် ပုဂံပြည်၌ နှစ်ပေါင်း(၃၅) နှစ်ခန့်ကြာမြင့်အောင် အမှုတော်ထမ်းရွက်ကာ နေထိုင်
ခဲ့ကြရသော သမိုင်းကြောင်း ကိုလည်းကောင်း၊ ပုဂံမင်းအနော်ရထာအား ´ရခိုင်ဝေသာလီ´က´ပဉ္စ ကလျာဏီ မင်းသမီး´
ကိုဆက်သရာတွင် ´ကျန်စစ်သား´ ကို ရသည်ဟူသောသမိုင်းကြောင်းကိုလည်းကောင်း၊ ကျန်စစ်သားသည် မြေးတော်
အလောင်းစည်သူကို ပုဂံထီးနန်းကိုပေးအပ်ပြီး´ဇေယျခေ တ္တရာ´ အမည်ဖြင့် သားတော်ရာဇကုမာရ်မင်းသားကို´ဓညဝ
တီနှင့် တောင်စဉ်ခုနှစ်ခရိုင်´(မြန်မာရာဇ၀င်အလို) ကိုစားစေခဲ့သော သမိုင်းကြောင်းကိုလည်းကေင်း၊ ပုဂံမင်းတို့အထံ၌
ရခိုင်သားများ အမှုတော်ထမ်းရွက်ခဲ့ကြပြီး အချို့က ဘုရားအလှူဒကာ များ အဖြစ်ခံယူကာမြန်မာတို့၏ နယ်မြေ၌ ရှိနေခဲ့
ကြသည်ဟူသော သမိုင်းကြောင်းကိုလည်းကောင်း၊ မြန်မာလူမျိုးတို့ကို ရခိုင်လူမျိုးတို့က ´အောက်သား´ဟုနာမည်ပေး
ကာ နှစ်ပေါင်းများစွာ ခေါ်ဝေါ်လာခဲ့ကြသည့် သမိုင်းကြောင်းကိုလည်းကောင်း၊ ´ရဟန္ဒာထွေး(ခေါ်) အသျှင်ဒိဗစက္ခု´
အမည်ရှိသော ရခိုင်တို့ ဝေသာလီက ရဟန္တာအသျှင်သူမြတ်သည် ဥပဇ္ဈာယ် ဆရာ´ မဟိဒ္ဒပါလမထေရ်မြတ်´ ၏ စေ
လွတ်ချက်အရ ပင်းယမြိုသို့ ကြွရောက်၍ သာသနာပြုခဲ့ရသော သမိုင်းကြောင်းနှင့် ပင်းယတစ်စီးရှင် သီဟသူ၏
မင်းဆရာအဖြစ်ကိုးကွယ်ဆည်းကပ်မှုကို ခံယူခဲ့ရသော သမိုင်းကြောင်းကိုလည်းကောင်း ချန်လှပ်၍ထားကြမည်ဆိုပါက
အဖြေမှန်ပေါ်ပေါက်နိုင် လိမ့်မည် မဟုတ်ချေ၊



ပုဂံခေတ်ကျောက်စာများ၌ ပါရှိနေသော အချို့စကားလုံးများသည် ရခိုင်လူမျိုးတို့၏ နေ့စဉ် သုံး ဝေါဟာရ များဖြစ်နေ
ကြောင်း အောက်ပါစကားလုံးများကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပါသည်။



၁။ ကြာသပတိယ်နိယ်၊
၂။ သုကြာိနိယ်၊
၃၊ လှိယ်၊
၎၊ ရိတ်မှုတ်၊
၅။ အတုမဟါသော၊
၆၊ ခြုပ်မ၊
၈၊ အစ်ကို၊
၉၊အစ်မ၊
၁၀၊ ပန်စင်၊
၁၁၊ ကခြီသည်၊
၁၂၊ ပညာမဟိယ်သော၊
၁၃၊ အလှုပိယ်လိုဝ်သော၊
သင်္ဃတိုဝ်၊
ဤယ်သူ၊
ပတ္တမြာစာတီ၊
လှုခ၏၊
ခြီလက်၊
ခြိယ်ဆယ်ရိယ်၊
လက်ဆိရယ်၊
မပ္လုရကြောင်ဆိုဖီလတ်၊
နိယ်ရလိယ်၏၊
အသရိယ်ဟိသော၊
ခရိုန် စသော ဝေါဟာရများကို ယနေ့ခေတ် မြန်မာတိုပြောဆိုနေကြသေးလား? ဟုမေးလျှင် ပြောဖို့မဆိုထားနှင့် အဓိပါယ်
ကို သိရှိအောင်မနည်း ကြိုးစားကြရမည်ဟုထင်ပါသည်။



အဓိပါယ်ကို-၁၁၁၃ ခုတွင် ရေးထိုးခဲ့သောမြန်မာတို့၏ ရှေ့အကျဆုံးဖြစ်သည့် မြစေတီကျောက်စာ ထက် လေးမြို့ခေတ်
အေဒီ-၈၄၇ ခုတွင် ရခိုင်ဘုရင် မင်းရင်ဖြူ သွန်းလုပ်ပူဇော်ခဲ့သော ကောင်း မှုတော်ဘုရား၏ စမ္မခဏ်ကဗ္မည်းစာက
နှစ်ပေါင်း(၂၆၆) နှစ်စော၍ ရှေ့ကျနေကြောင်း သိရှိရပါသည်။



ထို့ကြောင့်´မြန်မာနိုင်ငံတွင် မြန်မာစာအရေးအသားကိုမည်သည့်လူမျိုးတို့က ရှေ့ဦးစွာစတင်ရေး သားခဲ့ကြပါသနည်း?
ဟူသော အမေးဖြစ်ပေါ်ခဲ့လျှင် ဤဆောင်းပါးစာတမ်းက အထိုက်အလျှောက် အဖြေပေးနိုင်လိမ့် မည် ဟုယူဆပါသည်။





နိဂုံးချူပ်အနေဖြင့် ဆိုရသော်

´ရခိုင်လူမျိုးနှင့်မြန်မာစာ´ မှာ မည်သည့်အခါမျှ ခွဲခြား၍ ရလိမ့်မည်မဟုတ်။ စကားပြောဟန်ရေးနည်းနှင့်စာ အသုံးရေး
နည်းသာ ခြားနားချက်ရှိနေသည်။ စာပေအက္ခရာမှာ အတူတူပင် တည်း။ သို့ဖြစ်၍ ယနေ့ မျက်မှောက်ခေတ် ´မြန်မာစာ´
ဟုသတ်မှတ်ခံထားရသော ´ရခိုင်စာ´ ကို ရခိုင် လူမျိုးတို့က မိမိတို့၏ ´ကိုယ်ပိုင်စာပေ´ဖြစ်ကြောင်းအကြွင်းမဲ့ခံယူထား
ကြသည်ကို သုတေသနပြု ကာ ရေးသားတင်ပြလိုက်ရပေသည်။




´ရခိုင်စာပေ´အဖြစ် မှန်ပေါ်ပေါက်ပါစေ…. ဒွါရာဝတီ အသျှင်ကုသလ
(ကိုးကားသောကျမ်းများ)
၁။ မြစေတီကျောက်စာ။။လှသမိန်
၂။ ပုဂံခေတ်နိုင်ငံရေးသမိုင်း။။ ဒေါက်တာ သန်းထွန်း
၃။ တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲ။။ ဒေါက်တာ သန်းထွန်း
၎။ ကျောင်းသုံးမြန်မာ ရာဇ၀င်။။ ဦးဘသန်း
၅။ မင်းရင်ဖြူ ကောင်းမှုတော်ဘုရားစမ္မခဏ် ကမ္မည်းစာ
၆။ သာသနာလင်္ကာရစာတမ်း။ (မူဟောင်း) မဟာဓမ္မသင်္ကြ
၇။ ရွေဘိုနိဒါန်း။ဇယသခ်ယာ
၈။ဒွါရာဝတီ-အသျှင်ကုသလမှတ်စု တို့ကိုမှီငြိမ်း၍ ကူးယူဖော်ပြထားပါသည်။



အသျှင်ရက္ခိတ၀ံသ ( မြီပုံ )
အားလုံးသူကို သိစေချင်လို့ မျှဝေပေး လိုက်ပါသည်။
ဒေါ်အောင်ဆန်းစုကြည် ၏ သေတမ်းစာ .....
                         
ဘ၀ဟူသည်  တိုတောင်း လှပေစွ.
ကန်ရေပြင်၌ တက်သော
ရေပွက်မျှသာ ဖြစ်တယ်။

ကွေးသောလက်များ
ဆန့် မသွားမီ
မတည် သော အသက်
ခန္ဓာ ဟူသည်
ဇာတိ ဇရာ မရဏ
သောက ပရိဒေ၀ အနိစ္စ
အမြဲမှန်ကန်သော အရာ
မမြဲခြင်းသာ ဖြစ်တယ်။
ဘုရားရှင်သော်မှ မလွှဲနိုင်တဲ့တရား.
အနိစ္စ သေဆုံးခြင်း၏ တရား။

တနေ့ တချိန်
လေမှာလွင့်သော..ပွင့်ချပ်ငယ်နှယ်
ကျမ သေဆုံးပါလိမ့်မယ်။
ကျမ အသက် လူကြီးအရွယ်
သွားရမဲ့လမ်း ပြင်ဆင်ခဲ့ပါတယ်။

ကျမ ကိုယ် ကျမ
ဖေဖေ့လို အာဇာနည်လို့ မယူဆပါဘူး။
အမှန်တရားနဲ့ တရားဥပဒေသာ
မြတ်နိုးပါတဲ့ သာမန်လူ
မြန်မာအမျိုးကောင်းစားရေးကို
ရှေးရှူသူသာဖြစ်တယ်။

အကယ်၍ ကျမ သေလွန်တဲ့အခါ
မငိုပါနဲ့  မပူဆွေးကြပါနဲ့ 
ကြီးကြီးကျယ်ကျယ် ဈာပနပွဲ မလုပ်ကြပါနဲ့ ။
ကျမ ကိုချစ်သူ မချစ်သူ
မည်သူမဆို လာရှူနိုင်တယ်
ပုပ်ပွ ဖူးယောင် လူသေကောင်၏
မျက်မြင်မုချ အသုဘ ကမ္မဌာန်း..
အိုနာ သေခြင်း၏ မမြဲသောလမ်း။

ကျမ သေဆုံးပြီးနောက်
ချန်ထားခဲ့ပါရစေ။
ကျမ၏ အထွဋ္ဋ်မြတ်သော ဆံပင်
ရွှေတိဂုံဆံတော်ရှင်သို့ လှူဒါန်းပါ။
ကျမ၏ မျက်ကြည်လွှာ..
အလင်းမရသူကို လှူဒါန်းပေးပါ။
ကျမ၏ နှလုံးသား..ကျောက်ကပ်
အသည်း ကလီဇာများ
ကောင်းသေးပါက လိုအပ်သူများအားလှုဒါန်းပေးပါ။

မသာတစ်ခေါက် ကျောင်းဆယ်ခေါက်
နာရေးကူညီသော စေတနာရှင်
စင်ကြယ်သောကုသိုလ်နဲ့ ကိုကျော်သူ
ကျမ အသက်မဲ့ ခန္ဓာ ကို လှူပါတယ်။
ဖုတ်ကျည်းသင်္ဂြိုလ်ပေးပါ။

ပုပ်ပွလာမဲ့ ခန္ဓာအား
မီးသင်္ဂြိုလ်ပြီး..
ရလာသောခန္ဓာ၏ ပြာမြေဇာ
အပင်တို့ အတွက် မြေသြဇာကြွေးပေးပါ။

နောင်လာနောက်သားများအတွက်
ကျမ၏ နေအိမ် (သို့ ) ကျမ၏အကျဉ်းထောင်
အင်းစိန် ထောင်ခွဲ
အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း
အောင်ဆန်းစုကြည်၏ ပြတိုက်အဖြစ်
ကျမ၏ အသုံးအဆောင်..စာအုပ်
တီးသူမဲ့သော စန္ဒယား
ကျမ၏ မြန်မာ အ၀တ်အစား
ရိုးသားသော မြန်မာအမျိုးသမီး၏တန်ဖိုးများ.
နောင်လာနောက်သားများရှူမြင်စေ။

ကျမ၏ ကျန်ရစ်သော ဘဏ်ငွေသားအနည်းငယ်။
ကျမ၏ ဈာပန စရိတ် နှင့်
ဆင်းရဲသော သံဃာအိုများ အတွက်ကျန်းမာရေး
ဇီဝိတဒါန ဆေး အလှု
ကွယ်လွန်သူ မိဘများ အမှုထား၍
ကျမနှင့် ကွယ်လွန်သော ခင်ပွန်းအတွက်
သားများမှရေစက်ချ..အမျှဝေစေချင်ပါတယ်။

ကျမ ရသော ငြိမ်းချမ်းရေး နိုဘယ်ဆုငွေသား
$1.3 million အား
ကိုယ်ကျိုး အတွက် မသုံးစွဲ
တပြားမချန် မြန်မာပြည်သူများအတွက်
ကျမ်းမာရေးနဲ့ ပညာရေး ရံပုံငွေ
လှုဒါန်းခဲ့ပါတယ်။
ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာ ချမ်းသာကြပါစေ။
ကြား ကြားသမျှ အမျှ အမျှ အမျှ ယူတော်မူ။

အမျိုးအတွက်ထားတဲ့ အမေ့ရဲစေတနာကို
နားလည် ပါရမီဖြည့်ပေးသူ သားများ
အမေဘ၀မှာ မွေးရကျိုးနပ်ပါတယ်။
အမေ့ဘ၀အတွက်အကောင်းဆုံး
ဘုရားပေးသောဆုလာဒ်
ဒီသားများသာ ဖြစ်ပါတယ်။

ဒီ သားများ အတွက်..
အမေ မွေးခဲ့သောဇီဝိတ အသက်
အဖေပေးခဲ့သော ပညာ မှတပါး
အခြားပေးရန် စည်းစိမ် အမွေ မရှိ။
စိတ်ဓါတ်နှင့်ကြံ့ခိုင်သောမျိုးရိုး၏အမွေ
အောင်ဆန်းမျိုးရိုး..ဆက်ကျန်နေပါစေ။

အတူနေ မမဒေါ်ခင်ဝင်းနှင့် သမီးများ
ကျမအား စောင့်ရှောက်သောကျေးဇူး
အထူး မမေ့ပါ။ ကျေးဇူးတင်ပါတယ်။

ဆေးဝါး ကုသပေးသော
မောင်ငယ် ဒေါက်တာတင်မျိုးဝင်း
သမားစိတ်ရင်း ကြောင့် ကျမ အသက်ရှည်..
ကျေးဇူးဆပ်စရာ ပစ္စည်းမဲ့သူ ကျမ
ဦးချပြီး.ဆပ်ပါရစေ။

ပြည်တွင်းပြည်ပ..
ကျမကို ချစ်ခင်ကြသော
ကျမကို အားပေးကြသော..
မိတ်ဆွေ သင်္ဂဟ
သိသူ မသိသူ မှန်သမျှ
ကျမပြုသောကုသိုလ် အဖို့ ဘာဂ ဝေမျှပါတယ်။
ရွှင်လမ်းကြစေ။

ကျမ၏ တဦးတည်းသော ချစ်ရသောအကိုကြီး.
သွေးသားစပ်သူ ဦးအောင်ဆန်းဦး အတွက်..
ကျမ အဖေ၏ ပန်းချီတချပ်..
သူမသေခင်..ခေါင်းရင်းမှာ ချိပ်ဖို့ ပေးအပ်ခဲ့တယ်။

အနှစ် ၂၀ သက်တမ်းရ.သက်တော်ရှည်
အဝေးရောက် ၀န်ကြီးချုပ်
ကျမ၏ တ၀မ်းကွဲမောင် ဒေါက်တာစိန်ဝင်း..
ကျမရဲ့ အနှစ် (၂၀) အချုပ်ကာလအတွင်း
ကျမ ရတဲ့ဆုတွေလက်ခံတဲ့အခါ စင်ပေါ်တက်
မျက်နှာပြ ဖော်ရပေးတာ
အထူးကျေးဇူး တင်ပါတယ်။

ဖေဖေ့မျက်နှာနဲ့ 
ကျမအပေါ်..မရှိတဲ့ အပြစ်ကိုတင်.အကွက်ဆင်
အတင်းထောင်ချ..သပ်သျှို ပြန်ကယ်ပြတဲ့
အတုယူ ချီးမွမ်းထိုက်ပါသော
မှုးကြီးသန်းရွှေရဲ့ မေတ္တာ စေတနာ
မှတ်ကျောက် စာထိုးခဲ့ပါတယ်။
ကလိမ်ခြုံ နအဖ၏ ဂန္ဓ၀င်မိချောင်းမျက်ရည်။

ကျမ မခေါ်ဘဲ အလည်တဲ့ဧည့်သည်.
ကျမ အသက်ဘေးအတွက် သူ စိုးရိမ်တယ်။
မောပမ်း မေ့လဲနေသော ဆီးချိုလူနာသည်သူ
ပုတုဇ္ဇနော ဥမ္မတကော အဆိုရှိ
တကယ်မှန် မှန် မမှန် မှန်..
ဟုတ်သော်ရှိ မဟုတ်သော်ရှိ
ခမြာ..စေတနာနဲ့ သတိပေးရန်ကြံတဲ့အတွက်
သူ၏ ထားရှိသော ဂရုဏာ စေတနာ
ကျေးဇူးတင်ပါထိုက်ပါတယ်။

ကျမ သွားတဲ့အခါ..
တရား သံဝေဂရ..
မျက်ရည် မကျုကြပါနဲ့ ။
မပြီးဆုံးသေးတဲ့ ကျမရဲ့ဝတ္တရား
ကျရာနေရာ ကူညီပါဝင် ဖြည့်ဆည်းပေးကြပါ။
ကျမ အတွက်ထားတဲ့ ချစ်မေတ္တာ
တိုင်းပြည်အမျိုးအတွက်
လက်ဆင့်ကမ်းကြိုးစားပေးပါ။
အဖေ ပေးခဲ့တဲ့ လွတ်လပ်ရေး
ကျမ လက်ထက်မှာ မရသေးခင်
ကျမ သေလွန်ခဲ့ပါလျှင်
ကျမ ကိုယ်စား တာဝန်ဆက်ယူပေးနိုင်စေ.
တနေ့ မှာ..ဒေါင်းမျိုးနွယ်ဆက်
ပြန်ခေါင်းထောင်ထကြပါစေ
ဒို့  မြန်မာအမျိုး..သိက္ခာ မျိုးနွယ်ဆွေ။
အာဏာရှင်စံနစ်..ပြုတ်ကျပါစေ။

မသဒ္ဓါ ( ၈။ ၂၆။ ၂၀၀၉)

လူဆိုတာ တနေ့ နေ့ တော့ သေလွန်မှာပါ။ အပြစ်မရှိ မှန်ကန် ရိုးဖြောင့်သူ ရဲဝံ့စွာသေရဲတဲ့သူက သေခြင်းကို မကြောက်မရွံ့  ပြေးတွေ့ ဝံ့ပါ တယ်။
တကယ်လို့ များ တနေ့ နေ့ ဒေါ်အောင်ဆန်းစုကြည် သေလွန်ပြီးတဲ့ အခါ..သူရဲ့ ရင်ထဲမှာ..ဘာဆန္ဒတွေ ရှိပါ့မလဲ..စဉ်းစားပြီး သရုပ်ဖော်ကြည့်ပါတယ်။ မှားရင် ခွင့်လွှတ်ပါ။
တရားမျှမျှတတ နဲ့  တယောက် သေတယ်ရေးရင်..နောက်တယောက်ကိုလည်း အလားတူ..ရေးသင့်တာမို့  ဦးသန်းရွှေ ရဲ့ သေတမ်းစာ ကိုလည်း ဆက်ပုံဖော်ပေးပါ့မယ်။ စောင့်ဖတ်ပါ။
 မှတ်ချက်.....စာဖတ်ပရိတ်များအတွက်..မိမိဆိုက်တွင် အသိတစ်ခုခု ၇ှိပါစေဆိုတဲ့ သဘောနဲတင်းထားခြင်းဖြစ်ပါ
သည်....

Tuesday, 16 July 2013




မျိုးဆက်သစ်များသို့မှာတမ်း ကဗျာကို ဆရာတော် အရှင်ဇနကာဘိဝံသ လူငယ်များအားမိရိုးဖလာ အဆင့် မှ တကယ် ဗုဒ္ဓဘာသာဖြစ်စေလိုသောကြောင့် နှလုံးသားမှာဘုရား တည်နှိင်ရန်..ရေးသာခဲ့ပါသည်။        အိုးမဖုတ်ခင်၊အိုးလုပ်စဉ်ဝယ်
                                                                       အိုးတွင်းနှိပ်ခပ်၊တံဆိပ်မှတ်
                                                                   မပြတ်မစဲ၊အိုးပင်ကွဲလည်း၊အမြဲတစေ၊
                                                                တည်ရှိနေသို၊ထွေထွေသွေးသာ၊ကလေးများ၌
                                                               ဘုရားတံဆိပ်၊ဘာသာစိတ်ကို၊ခတ်နှိပ်နှိင်မှ၊
                                                              သက်ဆုံးကြအောင်၊ ဗုဒ္ဓ၀ါဒီစွဲ၍ တည်မည်၊
                                                                  ကိုယ်စီခပ်နှိပ်စေသတည် .............
                                                                   (အရှင်ဇနကာဘိဝံသ)

Monday, 15 July 2013


သေခါနီးအချိန်ရောက်ရင် သတ္တိ၇ှိနှိင်ပါ့မယ်လားးးးးး

(၁)

ကိုယ်သေရင် မငိုနဲ့

ပါးစိုရုံ ရှိမှာပေါ့။

သပိတ်မသွတ်နဲ့

လွတ်ပြီးသား ကျွတ်ပြီးသား။

ထမင်းမထုပ်နဲ့

သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။

အိုးမခွဲနဲ့ အိုးမလို

ဘာကိုမှ ကိုယ်မစွဲဘူး။

အပွင့်အခက် ယူမသွားနဲ့

ပြန်လိုက်ရမယ့်အစား မဟုတ်ဘူး။

ရက်လည်၊ လလည်၊ နှစ်လည်

ဘာကိုမှ မလည်နဲ့

သံသရာကြီးမှာ လည်ခဲ့သူ။

(၂)
ကိုယ်သေရင် မငိုနဲ့

ကြိုကြိုပြီး သေထားသူ။

‘ဘုရားရှင်ရဲ့ ဂုဏ်တော်’ကို

မြတ်နိုးပူဇော်ရင်း

အကြိမ်ကြိမ် အသေရင်းထားသမို့

မရဏမင်းဆီ ပျော်ပျော်သွားမှာ။

ပြီးတော့ ဆက်ပြောပါရစေ...

သာသနာ၊ စာပေ၊ ပရဟိတ

လုပ်လက်စတွေကို ဆက်လုပ်ဖို့

ဟောဒီ ချစ်ရတဲ့ မိခင်မြေကို

ပြန်လာခဲ့မယ် မုချ။

ဒီတော့ ကိုယ်သေရင် မငိုနဲ့

ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ။

လူသာဆုံးတာ ကျန်တာ မရှုံးဘူး

မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ။

မိုးဟိန်း (သားဂျာနယ်ကျော်)

(၁၉၄၂-၂၀၁၀)

(26.07.2010) ၁၃၇၂ ခုနှစ် ဝါဆိုလပြည့် ဓမ္မစကြာနေ့မှာ နောက်ဆုံးရေးခဲ့တဲ့ ကဗျာ

ဆရာ မိုးဟိန်း ရေးစပ်ခဲ့သောကဗျာကို စာရှုသူများအတွက် ဓမ္မသံဝေဂ အဖြစ်တင်ပေးထားခြင်းဖြစ်ပါသည်။


ဗာရာသီမြို့ မြန်မာရဟန်းတော်များ ပညာသင်ယူကြသော သက္ကတ တက္ကသိုလ် နန္ဒိယ ကျောင်းတော်ရာ
ဘု၇ားရှင် ပဉ္စ၀ဂ္ဂီ (၅)ဦးတို့အား တ၇ားဦးဟောခဲ့နေရာများ သို့ သွားရောက်လေ့လာခဲ့စဉ်

Thursday, 27 June 2013

နိုဘယ်ဆုသမိုင်း(နိုဘယ်ဆုဖြစ်ပေါ်လာပုံ)

သန်းဝင်းလှိုင်
ဇွန် ၂၆၊ ၂၀၁၃



ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးမှ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ စာပေပညာရှင်များ နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံကာ ဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များအား ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်သော ဆုများတွင် `နိုဘယ်ဆု´ မှာ အထင်ရှားဆုံးနှင့် သြဇာတိက္ကမ အကြီးဆုံးဖြစ်သည်။ နိုဘယ်ဆု ကျော်ကြားရခြင်းမှာ မိမိနိုင်ငံ၊ မိမိလူမျိုးအကျိုးအတွက် ကွက်ကွက်လေးသာမက ကမ္ဘာ့နိုင်ငံအသီးသီး၏ လူ့လောကကောင်းကျိုးအတွက် စွမ်းစွမ်းတမံ ထူးချွန်စွာ ဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များကိုသာ ရွေးချယ်ချီးမြှင့်ခြင်း၊ ငွေကြေးပမာဏအားဖြင့် များပြားလှခြင်း၊ ဂုဏ်သိက္ခာနှင့် သြဇာကြီးမားခြင်း၊ နေ့ချင်းညချင်းကမ္ဘာသိ ပုဂ္ဂိုလ်ဖြစ်ခဲ့ရခြင်း၊ နိုင်ငံရေးသဘောမဆောင်ခြင်းနှင့် မည်သည့်အာဏာပိုင်အစိုးရအဖွဲ့၏ ဝေဖန်စောကြောပံ့ပိုးခြင်းများကိုမျှ မလိုက်လျောခြင်းတို့ကြောင့်ပင် ဖြစ်သည်။

● နိုဘယ်ဆုဆိုသည်မှာ
နိုဘယ်ဆုသည် ဆွီဒင်နိုင်ငံသား သိပ္ပံပညာရှင်တစ်ဦးဖြစ်သူ အဲဖရက်ဘန်းဟပ်နိုဘယ် (Alfred Bernhard Nobel) (၁၈၃၃-၁၈၉၆) ဆုသူက စီစဉ်ထားရစ်ခဲ့သော ရန်ပုံငွေကို အခြေခံ၍ ပေးသောဆုဖြစ်သည်။ နိုဘယ်ဆုကို ဘာသာရပ်အမျိုးအစားအားဖြင့် ရူပဗေဒဆိုင်ရာဆု၊ ဓာတုဗေဒဆိုင်ရာဆု၊ ဆေးသိပ္ပံဆိုင်ရာဆု၊ စာပေဆိုင်ရာဆုနှင့် ငြိမ်းချမ်းရေးဆိုင်ရာဆုဟူ၍ မူလက ငါးမျိုးခွဲခြားထားသည်။ ထို့နောက် သက်ဆိုင်ရာတို့၏ တာဝန်ပေးချက်အရ ဆွီဒင်ဘဏ်က တာဝန်ယူ၍ စီးပွားရေးဆိုင်ရာဆုကို ၁၉၆၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်ချီးမြှင့်ခဲ့လေသည်။

● နိုဘယ်ဆုကိုတီထွင်ခဲ့သူ
နိုဘယ်ဆုကို တီထွင်ပြဋ္ဌာန်းခဲ့သော အဲဖရက်ဘန်းဟပ်နိုဘယ်ကို ၁၈၃၃ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့တွင် အဖ အင်မင်နယူရယ်နိုဘယ် (Immanuel Nobel) နှင့် မိခင် အင်ဒရစ်ကာနိုဘယ် (Andrielta Nobel) တို့မှ ဖွားမြင်ခဲ့သည်။ ဖခင်ဖြစ်သူသည် သိပ္ပံသုတေသီတစ်ဦးဖြစ်ပြီး မိခင်သည် စာပေ၀ါသနာရှင်ဖြစ်သည်။



နိုဘယ်သည် ငယ်စဉ်က ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ပညာသင်ကြားခဲ့ပြီး အမေရိကန်ပြည်ထောင်စုသို့ သွားရောက်၍ နာမည်ကျော် အင်ဂျင်နီယာကြီး `ဂျွန်အီရက်စ်ဆန်´ (John Ericsson) ထံ၌ အင်ဂျင်နီယာဘာသာရပ်ကို သင်ကြားခဲ့သည်။

ထို့နောက် စိန့်ပီတာစဘတ်မြို့သို့ ပြန်လာကာ မိမိဖခင်၏ လုပ်ငန်းများကို ကူညီရင်း နိုက်ထရိုဂလစ်ဆရင်း (Nitroglycerine) ခေါ် နိုက်ထရိုအက်ဆစ်နှင့် ဆာလဖျူရစ်အက်ဆစ်ပါဝင်သော ပေါက်ကွဲမှုပြင်းထန်စေတတ်သည့် ဓာတုဗေဒပစ္စည်းကို စမ်းသပ်လုပ်ကိုင်ကြည့်ရာ အောင်မြင်ခဲ့သဖြင့် ပထမဆုံး နိုက်ထရိုဂလစ်ဆရင်းထုတ်လုပ်သော စက်ရုံတစ်ခုကို ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့နားရှိ ဟဲလင်းဘော့ခ်ျ (Heleneborg) ဒေသ၌ တည်ထောင်ခဲ့သည်။

သို့သော်လည်း မျှော်လင့်သည့်အတိုင်း ဘေးကင်းစွာအသုံးမပြုနိုင်ဘဲ ပေါက်ကွဲမှုများမကြာခဏ ဖြစ်ပွားခဲ့သည်။ တခါ၌ အလုပ်ရုံအတွင်းပေါက်ကွဲမှုကြောင့် ညီဖြစ်သူမှာ သေဆုံးသွား၍ ဖခင်ကြီးမှာလည်း မသန်မစွမ်းဒုက္ခိတဖြစ်ခဲ့ရလေသည်။ နောက်ဆုံးတွင် ၁၈၆၇ ခုနှစ်၌ သူသည် နိုက်ထရိုဂလစ်ဆရင်းကို အခြားပစ္စည်းတစ်ခုနှင့် ပေါင်းစပ်ကြည့်ရာ ဘေးကင်းစွာ ကိုင်တွယ်အသုံးပြုနိုင်ပြီးလျှင် `ဒိုင်းနမိုက်´ (Dynamite) ဟု အမည်ပေးခဲ့သည်။နိုဘယ်သည်၁၈၈၄ တွင် တော်ဝင်ဆွီဒင်သိပ္ပံအကယ်ဒမီ ၏ဂုဏ်ထူးဆောင်အဖွဲ့ ဝင်အဖြစ်ရွေးချယ်ခံခဲ့ရသည်။

သူတီထွင်ခဲ့သော ဒိုင်းနမိုက် ခေါ် ယမ်းဘီလူးသည် တူးမြောင်းများတူးဖော်ရေးအတွက် လည်းကောင်း၊ သတ္တုတူးဖော်ရေးအတွက် လည်းကောင်း၊ မီးရထားဥမင်လိုဏ်ခေါင်းဖောက်လုပ်ရေးအတွက် လည်းကောင်း၊ ကျောက်တောင်တို့ကို ဖောက်ခွဲရန်အတွက်လည်းကောင်း များစွာအသုံးဝင်ပေသည်။

တဖန် ၁၈၈၇ ခုနှစ်တွင် `ဘောလစ်တိုက်´ (Ballistite) ခေါ် မီးခိုးမထွက်သည့် ဓာတုအမှုန့်တစ်မျိုးကို တီထွင်နိုင်ခဲ့ပြန်သည်။

ထို့အပြင် အခြားသော တီထွင်မှုများကိုပါ ပြုလုပ်ခဲ့သေးရာ အမျိုးအစားပေါင်း ၃၅၅ ခုကို မူပိုင်မှတ်ပုံတင်နိုင်ခဲ့သည်။

ဤသို့ဖြင့် နှစ်အနည်းငယ်အတွင်း သူသည် ဒိုင်းနမိုက်လုပ်ငန်းနှင့် ကြီးပွားလာခဲ့ရာ၊ ကမ္ဘာတွင် အကြွယ်ဝဆုံး သန်းကြွယ်ပုဂ္ဂိုလ်များ အနက် တစ်ဦးအပါအ၀င် ဖြစ်လာခဲ့သည်။ နိုဘယ်သည် ဆွီဒင်၊ အင်္ဂလိပ်၊ ဂျာမန်၊ ပြင်သစ်၊ ရုရှားဘာသာစကားများကိုလည်း ကျွမ်းကျင်စွာ တတ်မြောက်သည်။ ရူပဗေဒ၊ ဓာတုဗေဒ၊ ဆေးသိပ္ပံပညာနှင့် စာပေတို့တွင် အထူးနှံ့စပ်တတ်ကျွမ်းသည်။
သို့သော် သူတီထွင်ခဲ့သော ဒိုင်းနမိုက်များကို အသုံးပြု၍ ကမ္ဘာအနှံ့အပြားတွင် စစ်ပွဲများကို ဆင်နွှဲနေကြောင်း ကြားသိရသောအခါ ပင်ကိုယ်က ကျန်းမာရေးမကောင်းသည့်အထဲ စိတ်မချမ်းမသာဖြစ်ခဲ့ရတော့သည်။ သူသည် လူ့အကျိုးပြုရန် ရည်ရွယ်၍ တီထွင်ခဲ့သည့် `ဒိုင်းနမိုက်´ များကို လူသတ်လက်နက်များအဖြစ် အသုံးပြုနေကြ၍ သူသည် ယူကျုံးမရဖြစ်ခဲ့ရသလို တီထွင်ခဲ့သည်မှာ မှားလေစွဟု နောင်တရမိတော့သည်။

ထို့ကြောင့် လူ့လောကကောင်းကျိုးအတွက် လည်းကောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးရရှိရန် မေတ္တာစိတ်၊ ကရုဏာစိတ်ဖြင့် လည်းကောင်း ဆောင်ရွက်ခဲ့သောသူတို့အား မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုးကိုမဆို ထိုက်တန်သည့်သူကို ပေးရန်အတွက် သူပိုင်ဆိုင်ခဲ့သမျှကို လှူဒါန်းပေးရန် သေတမ်းစာရေးထားခဲ့သည်။ ယခုအခါ နိုဘယ်ဖောင်ဒေးရှင်းအဖွဲ့၏ ကြွယ်ဝချမ်းသာမှုမှာ ဆွီဒင် ခရိုနီငွေ ၃ ဒဿမ ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၇၂ သန်း) ရှိသည်။

● နိုဘယ်၏ သေတမ်းစာ
နိုဘယ်သည် မကွယ်လွန်မီ တစ်နှစ်အလိုဖြစ်သော ၁၈၉၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက် ရက်စွဲဖြင့် ကမ္ဘာလုံးအံ့အားသင့်ခဲ့သော `သေတမ်းစာ´ ကို ရေးသားခဲ့သည်။


ယင်းသေတမ်းစာနှင့်အတူ သူပိုင်ဆိုင်သော ဆွီဒင်ခရိုနီငွေ ၃၁ သန်း (အမေရိကန်ဒေါ်လာ ၉,၂ဝဝ,ဝဝဝ) ကို ထားရစ်ခဲ့သည်။ နိုဘယ်သည် လူပျိုကြီးဘ၀ဖြင့်ပင် ၁၈၉၆ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် အီတလီနိုင်ငံ ဆန်ရီမိုမြို့ရှိ နေအိမ်၌ပင် ကွယ်လွန်ခဲ့လေသည်။ ကွယ်လွန်ချိန်၌ သူ့အသက်သည် ၆၃ နှစ်ရှိပြီဖြစ်သည်။

● နိုဘယ်ဖောင်ဒေးရှင်း
နိုဘယ်ဖောင်ဒေးရှင်းကို နိုဘယ်ကွယ်လွန်ပြီး (၄) နှစ်အကြာ ၁၉ဝဝ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်၍ ပုဂ္ဂိုလ်ငါးဦးအနက် တစ်ဦးကို ဆွီဒင်ဘု၇င်က ရွေးချယ်ခန့်ထားပြီး ကျန်လေးဦးကိုမူ ဆုများရွေးချယ်ရသောအဖွဲ့အသီးသီးမှ ရွေးချယ်ပေးခဲ့ရသည်။

စာပေဆိုင်ရာဆု၊ ရူပဗေဒဆိုင်ရာဆု၊ ဓာတုဗေဒဆိုင်ရာဆု၊ စီးပွားရေးဆိုင်ရာဆုနှင့် ဆေးသိပ္ပံဆိုင်ရာဆုတို့ကို ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင်လည်းကောင်း၊ ငြိမ်းချမ်းရေးနိုဘယ်ဆုကို နော်ဝေးနိုင်ငံ အော်စလိုမြို့တွင်လည်းကောင်း၊ နှစ်စဉ် နိုဘယ်ကွယ်လွန်သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့တိုင်း တပြိုင်နက် အခမ်းအနားဖြင့် ချီးမြှင့်ပေးသည်။ ဆုပေးပွဲအခမ်းအနားသို့ ဘုရင်မင်းမြတ်ကိုယ်တိုင် ကြွရောက်၍ ပေးအပ်လေ့ရှိသည်။ ပထမဆုံး စတင်ချီးမြှင့်သည့်ဆုအမျိုးအစားမှာ စာပေဆိုင်ရာ နိုဘယ်ဆုဖြစ်ပြီး၊ နောက်ဆုံး ချီးမြှင့်ပေးသောဆုမှာ ဆေးသိပ္ပံဆိုင်ရာဆု ဖြစ်သည်။ ရူပဗေဒ၊ ဓာတုဗေဒ၊ စီးပွားရေး၊ ဆေးသိပ္ပံ နှင့် ငြိမ်းချမ်းရေးဆိုင်ရာဆုများကို တဦးသော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း ချီးမြှင့်လေ့ရှိသည်။ ငြိမ်းချမ်းရေးဆိုင်ရာဆုကို အဖွဲ့အစည်းများကိုလည်း ချီးမြှင့်လေ့ရှိသည်။ ယခုအခါ နိုဘယ်ဆု ချီးမြှင့်ခဲ့သည့်သက်တမ်းမှာ နှစ်ပေါင်း ၁၁၃ နှစ် ရှိပြီဖြစ်သည်။

● နိုဘယ်ဆု၏ တန်ဖိုးငွေကြေးပမာဏ
နိုဘယ်ဆုတန်ဖိုးငွေကြေးမှာ တစ်နှစ် နှင့် တစ်နှစ် မတူပေ။ ဆု စတင်ချီးမြှင့်စဉ်က ဒေါ်လာ ၆၅ဝဝ ဖြစ်သည်။ သို့သော်လည်း ဆုငွေကို ငြင်းဆိုသူများ၊ ဖောင်ဒေးရှင်းအဖွဲ့၏ ဘဏ်တိုးငွေများမှာ တစ်နှစ်ထက်တစ်နှစ် တိုးပွားလာသဖြင့် ၂၀၁၂ ခုနှစ်တွင် ဆုတစ်ခုလျှင် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၂ သန်းခန့် ချီးမြှင့်သည်။ ထိုဆုငွေသည် အမြတ်တော်ကြေးကင်းလွတ်ခွင့်ရှိသည်။ တခါတရံတွင် ဆုတစ်ဆုကို နှစ်ဦး၊ သုံးဦး ခွဲယူရသည်လည်း ရှိသည်။ အဖွဲ့အစည်းတစ်ခုခုက ရရှိပါက ယင်းအဖွဲ့အစည်းကိုယ်စား အကြီးအကဲတစ်ဦးဦး ဆုလက်ခံရယူ ပေးရသည်။

● နိုဘယ်ဆုရရှိသူများအား ချီးမြှင့်သည့် ရွှေတံဆိပ်
နိုဘယ်ဆုရရှိသူများအား ချီးမြှင့်သည့် ရွှေတံဆိပ်များကို ၁၉ဝ၂ ခုနှစ်တွင်မှ သွန်းလုပ်ခဲ့သည်။ ထို့ကြောင့် ၁၉ဝ၁ ခုနှစ်တွင် ရရှိခဲ့သော နိုဘယ်ဆုရှင်များမှာ နောက်တစ်နှစ်အကြာ ၁၉ဝ၂ ခုနှစ်ကျမှ ရွှေတံဆိပ်များကို ရရှိသည်။ ယင်းရွှေတံဆိပ်မှာ ၂၃ ကာရက် (၁၆ ပဲရည်) ရွှေဖြစ်ပြီး၊ ပုံသဏ္ဌာန်မှာ စက်ဝိုင်းပုံဖြစ်သည်။ ရွှေတံဆိပ်၏ အချင်းမှာ ၂ လက်မခွဲခန့်ရှိ၍ ပေါင်ဝက် (၁၃ ဒဿမ ၈၈ ကျပ်သား) နီးပါးခန့် အချိန်စီးသည်။ ဆုတံဆိပ်ပေါ်မှ ဒီဇိုင်းပုံစံများကို ဆွီဒင်ပန်းပုဆရာ အဲရစ်ဘတ်ဆိုသူက ထုလုပ်ပေးခဲ့သည်။ ဆု၏ အရှေ့ဘက် မျက်နှာစာတွင် နိုဘယ်၏ အမည်နှင့် ရုပ်ကြွပုံတူ ကိုယ်တစ်ပိုင်းပုံကို သွန်းလုပ်ထားသည်။ ရုပ်ကြွပုံရှေ့ဘက်၌ နိုဘယ်၏ အမည်နှင့် အနောက်ဖက်၌ နိုဘယ်၏မွေးနေ့နှင့် ကွယ်လွန်ရက်စွဲကို ရောမအက္ခရာဖြင့် ကမ္ဗည်းရေးထိုးထားသည်။ ကျန်တဖက်ခြမ်းတွင်မူ ဆုရသူ၏ အမည်၊ ရရှိသည့် ခုနှစ် နှင့် ဆုအမျိုးအစားကို လက်တင်အက္ခရာဖြင့် ကမ္ဗည်းတင်ထားပြီး ရောမကဗျာစာဆိုကြီး ဗားဂါး (၇ဝ-၁၉ ဘီစီ) ၏ လက်တင်ကဗျာရှည်ထဲမှ `အကြင်သူအား မိမိတီထွင်ခဲ့သော အတတ်ပညာဖြင့် လူ့လောကကြီးကို  ကုံလုံကြွယ်ဝစေခြင်းကား မွန်မြတ်လှပေစွ´ ဟူသော စာသားကို ရေးထိုးထားလေသည်။

နိုဘယ်ဆု ဂုဏ်ပြုလက်မှတ်



နိုဘယ်ဆု ဂုဏ်ပြုလက်မှတ်များကို ခရစ်နှစ် ၁၁၁၁ ခုနှစ် မှ ၁၄၀၀ ပြည့်နှစ် အတွင်း အသုံးပြုခဲ့သော လက်ရေးပုံစံဖြင့် ရေးသားပုံနှိပ်ထားသည်။ ထို့အပြင် နိုဘယ်ဆုရှင်၏ ဆောင်ရွက်ချက်နှင့် ဆောင်ရွက်နေသော ပုံများကို ဂရိဘုရားကျောင်းများ၌ တွေ့ရသော အမှတ်လက္ခဏာများဖြင့် ရေးဆွဲထားလေသည်။

● နိုဘယ်ဆုချီးမြှင့်ခဲ့သမျှ
၁၉၀၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ချီးမြှင့်ခဲ့သော နိုဘယ်ဆုများမှာ ရူပဗေဒဆိုင်ရာဆု ၁၉၃၊ ဓာတုဗေဒဆိုင်ရာဆု ၁၆၂ ဆု၊ ဆေးသိပ္ပံ ဆိုင်ရာဆု ၂၀၁ ဆု၊ စီးပွားရေးဆိုင်ရာဆု (၁၉၆၉ မှ ၂ဝ၁၂ အထိ) ၇၁ ဆု၊ စာပေဆိုင်ရာဆု ၁ဝ၉ ဆု နှင့် ငြိမ်းချမ်းရေးဆိုင်ရာဆု လူပုဂ္ဂိုလ် ၁ဝဝ နှင့် အဖွဲ့အစည်း ၂၄ ခု အပါအ၀င် ၁၂၄ ဆု ရှိသည်။



နိုဘယ်ဆုကို နှစ်ထပ်ကွမ်းရရှိသူများနှင့် သုံးထပ်ကွမ်းရရှိသော အဖွဲ့အစည်းများလည်း ရှိသည်။ နိုဘယ်ဆုကို နှစ်ကြိမ်မြောက် ရရှိသူများမှာ မဒမ်ကျူရီသည် ၁၉ဝ၃ ခုနှစ်တွင် ရူပဗေဒဆိုင်ရာဆုနှင့် ၁၉၁၁ ခုနှစ် တွင် ဓာတုဗေဒဆိုင်ရာဆုကို ဆွတ်ခူးရရှိခဲ့သည်။ ထို့အတူ လင်းနပ်ပေါလ်လင်း (Linus Pauling) ဆိုသူသည် ၁၉၅၄ ခုနှစ်တွင် ဓာတုဗေဒဆိုင်ရာဆုကိုလည်းကောင်း၊ ၁၉၆၂ ခုနှစ်တွင် ငြိမ်းချမ်းရေးဆိုင်ရာဆုကိုလည်းကောင်း ရရှိခဲ့သည်။ တဖန် ဂျွန်ဘာဒင်း (John Bardeen) ဆိုသူသည် ၁၉၅၆ နှင့် ၁၉၇၂ ခုနှစ်တွင် ရူပဗေဒ ဆိုင်ရာဆုကို ၂ ကြိမ်တိုင်တိုင် ဆွတ်ခူးထားသည်။ ထို့အပြင် ဖရက်ဒရစ်ဆင်ဂျာ (Frederick Sanger) ဆိုသူကလည်း ၁၉၅၈ ခုနှစ် နှင့် ၁၉၈၀ ပြည့်နှစ်များတွင် ဓာတုဗေဒဆိုင်ရာဆုများကို ၂ ကြိမ်တိုင်တိုင် ရရှိခဲ့လေသည်။

နိုဘယ်ဆုရရှိသောအဖွဲ့ အစည်းများမှာ-

၁၉၀၄တွင်အပြည်ပြည်ဆိုင်ရာဥပဒေအင်စတီကျူ၊၁၉၁၀တွင်အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးအမြဲတမ်းဗျူရို၊ ၁၉၁၇တွင်အပြည်ပြည်ဆိုင်ရာ ကြက်ခြေ နီအဖွဲ့ ၊၁၉၃၈တွင်ဒုက္ခသည်များဆိုင်ာနန်ဆန်အပြည်ပြည်ဆိုင်ရာရုံး၊၁၉၄၄ တွင်အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ ၊၁၉၄၇ တွင် Friends service Council(The Quakers),American Friends service Committee(The Quakers)၊၁၉၅၄ တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး၊၁၉၆၃တွင်အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့    ၁၉၆၅တွင်ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ ၊၁၉၆၉ တွင်ကမ္ဘာ့အလုပ်သမားအဖွဲ့ ချုပ်၊၁၉၇၇ တွင်အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ၊၁၉၈၁ တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး၊၁၉၈၅တွင်နျူကလီယားစစ်ပွဲကာကွယ်ရေးဆိုင်ရာအပြည်ပြည်ဆိုင်ရာရူပဗေဒပညာရှင်များအဖွဲ့ ၊၁၉၈၈ တွင်ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ ၊၁၉၉၅ Pugwash လှုပ်ရှားမှု၊၁၉၉၇ တွင်မြေမြှပ်မိုင်းများပိတ်ပင်ရေးအပြည်ပြည်ဆိုင်ရာလှုပ်ရှားမှု၊၁၉၉၉ တွင်နယ်စည်းမခြားဆရာဝန်များအဖွဲ့ ၊တို့ ဖြစ်ကြသည်။



သုံးထပ်ကွမ်းရရှိသော အဖွဲ့အစည်းမှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း (I.C.R.C) ဖြစ်ပြီး ၁၉၁၇၊ ၁၉၄၄၊ ၁၉၆၃ ခုနှစ်များ၌ ငြိမ်းချမ်းရေးဆိုင်ရာဆုများကို ရရှိထားသည်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (U.N.H.C.R) ကလည်း ၁၉၅၄ နှင့် ၁၉၈၁ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရရှိခဲ့သည်။ ၂၀၁၂ ခုနှစ်အတွက် ငြိမ်းချမ်းရေးဆိုင်ရာ နိုဘယ်ဆုကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (I.L.O) က ရရှိခဲ့သည်။

ယနေ့အထိ နိုဘယ်ဆု အများဆုံးရရှိသော နိုင်ငံမှာ အမေရိကန်ပြည်ထောင်စုဖြစ်ပြီး၊ စာပေဆိုင်ရာ နိုဘယ်ဆုအများဆုံး ရရှိသော နိုင်ငံမှာ ပြင်သစ်နိုင်ငံဖြစ်သည်။ အာရှတိုက်မှလည်း ငြိမ်းချမ်းရေးဆိုင်ရာ နိုဘယ်ဆုနှင့် စာပေဆိုင်ရာ နိုဘယ်ဆု ရရှိသူပေါင်း ၁၆ ဦးခန့် ရှိသည်။

သို့သော် နိုဘယ်ဆုကို ငြင်းပယ်သူများလည်း ရှိသည်။ ၄င်းတို့မှာ စာပေဆိုင်ရာနိုဘယ်ဆု ရရှိသူ ဆိုဗီယက်ပြည်ထောင်စုမှ စာရေးဆရာကြီး ဘောရစ္စအဲလ်ပါစတာနက် (၁၉၅၈) ပြင်သစ်နိုင်ငံမှ စာရေးဆရာ ဂျင်းပေါလ်ဆတ် (၁၉၆၄)၊ ဆိုဗီယက်ပြည်ထောင်စုမှ စာရေးဆရာ အလက်ဇန္ဒြားဆိုဇင်နီဆင် (၁၉၇၀) (၁၉၇၄ ခုနှစ်တွင် ပြည်နှင်ဒဏ်ခံရပြီးနောက် ထိုနှစ်ကျမှ နိုဘယ်ဆုကို လက်ခံရယူသည်) နှင့် ဗီယက်နမ်မှ လီဒွတ်သို့ (၁၉၇၃) တို့ ဖြစ်ကြသည်။ မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆုကို လက်ခံရရှိသော်လည်း နေအိမ်အကျယ်ချုပ်ကျခံနေရသည့်အတွက် ၄င်း၏ ကိုယ်စားခင်ပွန်းသည်နှင့် သားနှစ်ယောက်က တက်ရောက်ယူခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ၂၀၁၂ ခုနှစ်ဇူလိုင်လတွင် နော်ဝေးနိုင်ငံသို့ ကိုယ်တိုင်သွားရောက်၍ တရားဝင်လက်ခံရယူကာ အမှတ်တရ အမှာစကားပြောကြားနိုင်ခဲ့သည်။
နိုဘယ်ဆုကို ၁၉၀၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ယခု (၂၀၁၂) တွင် နှစ်ပေါင်း ၁၁၂ နှစ်မြောက် ပြည့်ခဲ့ပြီ ဖြစ်သည်။
မည်သို့ဆိုစေ…. နိုဘယ်ဆုသည် ကမ္ဘာ့လူသားတို့ကောင်းကျိုးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သော ပုဂ္ဂိုလ်ထူးများကိုသာ အဓိကထား ရွေးချယ်ချီးမြှင့်နေသောကြောင့် နိုဘယ်ဆု၏ ဂုဏ်သိက္ခာ၊ တန်ဖိုးနှင့် သြဇာတိက္ကမသည် အစဉ်မြင့်မားနေမည်မှာ မလွဲဧကန်ပင်တည်း။

စာကိုး
၁။ Noblel Prize Winner, Wikipedia, the free encyclopedia.

(ဆက်လက်ဖော်ပြပါမည်။)