Wednesday, 21 November 2012


မြန်မာနိုင်ငံတွင် စာပေနှင့်ဗုဒ္ဓဘာသာ ရခိုင်ကစဟု ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလမိန့်ကြား......
                     

292363 2423628327579 418771875 nမြန်မာနိုင်ငံအနှံ့ ဗုဒ္ဓဘာသာ ဖြစ်လာရခြင်း၊ ယခုလက်ရှိအသုံးပြုနေသော မြန်မာစာပေသည် ရခိုင်မှ အစပြုခဲ့ပြီး တဖြည်း ဖြည်း မြန်မာနိုင်ငံနေရာအနှံ့တွင် ပြန့်ပွားခဲ့သည်ဟု ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလက ဂျပန်နိုင်ငံ နာရီတာလေဆိပ်မှာ ပြောကြားသွားခဲ့သည်ကို သိရသည်။
" ဦးဇင်းတို့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာရောက်တာဟာ ပထမဆုံးရခိုင်ပြည်ကို ရောက်တာပါ။ ရခိုင်ကနေပြီးမှ သာသနာဟာ မြန်မာနိုင်ငံကို တဆင့်ဆင့် ပြန့်ပွားလာတာပါ။ ဦးဇင်းတို့က သမိုင်းကို ညာလို့မရဘူး။ ညာချင်လို့လည်း မရဘူး။ သီဟိုကျွန်းကို သာသနာရောက်လာတယ်။ သီဟိုနဲ့ ရခိုင်ဟာ တစ်ချိန်က ကူးသန်းရောင်းဝယ်မှု စီးပွားရေးအရ ဆက်နွယ်မှုရှိခဲ့ကြတယ်။ ရခိုင်ပြည်ရဲ့ မြောက်ဦးမြို့ဟာ ကမ္ဘာ့ ကုန်သွယ်ရေးမြို့တော်ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ သာသနာစရောက်ခဲ့ပါတယ်။ အခု လက်ရှိသုံးနေတဲ့ မြန်မာစာပေဟာလည်း ရခိုင်စာဖြစ်တယ်။ ရခိုင်စာကို အခြေခံပြီး မြန်မာစာပြောင်းလိုက်တာဖြစ်ပါတယ်။ သမိုင်းကို ညာလို့မရဘူး။ ဒါကြောင့် ရခိုင်တိုင်းရင်းသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ မြန်မာတစ်နိုင်ငံလုံးမှာ တာဝန်ရှိတယ်။ သက်ဆိုင်ရာအာဏာပိုင်တွေသာမက မြန်မာတစ်မျိုးသားလုံးမှာ တာဝန်ရှိတယ်။ ရခိုင်လူမျိုးကို ကာကွယ်တာဟာလည်း မြန်မာတစ်မျိုးသားလုံးကို ကာကွယ်တာနဲ့ အတူတူပါပဲ။ " ဟု ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလက ပြောသည်။
ရခိုင်ပြည်တွင်းဖြစ်ပွားခဲ့သော ပြဿနာများမှာ လူမျိုးရေးအရလည်းမဟုတ်၊ ဘာသာရေးအရလည်းမဟုတ်ဘဲ နယ်စပ်စည်းလုံခြုံမှုမရှိခြင်းကြောင့် တစ်ဖက်နိုင်ငံက ကျူးကျော်လာသော လူအုပ်စုတစ်ခုကြောင့်သာ ဖြစ်သည်ဟု ဆရာတေ
မြန်မာနိုင်ငံတွင် စာပေနှင့်ဗုဒ္ဓဘာသာ ရခိုင်ကစဟု ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလမိန့်ကြား
Written by ရခိုင်သွီး    Friday, 24 August 2012 10:27   
PDF
Print
E-mail

292363 2423628327579 418771875 nမြန်မာနိုင်ငံအနှံ့ ဗုဒ္ဓဘာသာ ဖြစ်လာရခြင်း၊ ယခုလက်ရှိအသုံးပြုနေသော မြန်မာစာပေသည် ရခိုင်မှ အစပြုခဲ့ပြီး တဖြည်း ဖြည်း မြန်မာနိုင်ငံနေရာအနှံ့တွင် ပြန့်ပွားခဲ့သည်ဟု ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလက ဂျပန်နိုင်ငံ နာရီတာလေဆိပ်မှာ ပြောကြားသွားခဲ့သည်ကို သိရသည်။
" ဦးဇင်းတို့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာရောက်တာဟာ ပထမဆုံးရခိုင်ပြည်ကို ရောက်တာပါ။ ရခိုင်ကနေပြီးမှ သာသနာဟာ မြန်မာနိုင်ငံကို တဆင့်ဆင့် ပြန့်ပွားလာတာပါ။ ဦးဇင်းတို့က သမိုင်းကို ညာလို့မရဘူး။ ညာချင်လို့လည်း မရဘူး။ သီဟိုကျွန်းကို သာသနာရောက်လာတယ်။ သီဟိုနဲ့ ရခိုင်ဟာ တစ်ချိန်က ကူးသန်းရောင်းဝယ်မှု စီးပွားရေးအရ ဆက်နွယ်မှုရှိခဲ့ကြတယ်။ ရခိုင်ပြည်ရဲ့ မြောက်ဦးမြို့ဟာ ကမ္ဘာ့ ကုန်သွယ်ရေးမြို့တော်ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ သာသနာစရောက်ခဲ့ပါတယ်။ အခု လက်ရှိသုံးနေတဲ့ မြန်မာစာပေဟာလည်း ရခိုင်စာဖြစ်တယ်။ ရခိုင်စာကို အခြေခံပြီး မြန်မာစာပြောင်းလိုက်တာဖြစ်ပါတယ်။ သမိုင်းကို ညာလို့မရဘူး။ ဒါကြောင့် ရခိုင်တိုင်းရင်းသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ မြန်မာတစ်နိုင်ငံလုံးမှာ တာဝန်ရှိတယ်။ သက်ဆိုင်ရာအာဏာပိုင်တွေသာမက မြန်မာတစ်မျိုးသားလုံးမှာ တာဝန်ရှိတယ်။ ရခိုင်လူမျိုးကို ကာကွယ်တာဟာလည်း မြန်မာတစ်မျိုးသားလုံးကို ကာကွယ်တာနဲ့ အတူတူပါပဲ။ " ဟု ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလက ပြောသည်။
ရခိုင်ပြည်တွင်းဖြစ်ပွားခဲ့သော ပြဿနာများမှာ လူမျိုးရေးအရလည်းမဟုတ်၊ ဘာသာရေးအရလည်းမဟုတ်ဘဲ နယ်စပ်စည်းလုံခြုံမှုမရှိခြင်းကြောင့် တစ်ဖက်နိုင်ငံက ကျူးကျော်လာသော လူအုပ်စုတစ်ခုကြောင့်သာ ဖြစ်သည်ဟု ဆရာတော် ဥူးသုမင်္ဂလက ဆက်လက်ပြီး သုံးသပ်ထားသည်။
ယခုလူအများသိနေကြသော ရခိုင်ပြည်နယ်မှာ တချိန်က ကိုယ့်ထီးကိုယ့်နန်း ကိုယ်ပိုင်အချုပ်အချာအဏာဖြင့် အုပ်ချုပ် လာသော တိုင်းပြည်နိုင်ငံတစ်ခုဖြစ်ကြောင်းနှင့် ဆန်ရေစပါးများ ပေါကြွယ်ဝ၍ ချမ်းသာဝဖြိုးသော နိုင်ငံတစ်ခုဖြစ်ပြီး၊ ဗမာ ဘုရင်ဘိုးတော်မောင်ဝိုင်း၏ မတရားကျူးကျော် တိုက်ခိုက်ခြင်းကြောင့် အေဒီ ၁၇၈၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ရခိုင့်အချုပ်အချာအာဏာကျဆုံးခဲ့သည် သိရသည်။

ာ် ဥူးသုမင်္ဂလက ဆက်လက်ပြီး သုံးသပ်ထားသည်။
ယခုလူအများသိနေကြသော ရခိုင်ပြည်နယ်မှာ တချိန်က ကိုယ့်ထီးကိုယ့်နန်း ကိုယ်ပိုင်အချုပ်အချာအဏာဖြင့် အုပ်ချုပ် လာသော တိုင်းပြည်နိုင်ငံတစ်ခုဖြစ်ကြောင်းနှင့် ဆန်ရေစပါးများ ပေါကြွယ်ဝ၍ ချမ်းသာဝဖြိုးသော နိုင်ငံတစ်ခုဖြစ်ပြီး၊ ဗမာ ဘုရင်ဘိုးတော်မောင်ဝိုင်း၏ မတရားကျူးကျော် တိုက်ခိုက်ခြင်းကြောင့် အေဒီ ၁၇၈၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ရခိုင့်အချုပ်အချာအာဏာကျဆုံးခဲ့သည် သိရသည်။



ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းဖြစ်ပေါ်လာပုံနှင့် မှတ်တမ်းတင်ခံရသူ မြန်မာနှိင်ငံသား မင်းကွန်းတိပဋ ဆရားတော် ဘုရားကြီးအကြောင်း    ...........

http://a2.sphotos.ak.fbcdn.net/hphotos-ak-prn1/156437_367608753289151_98732357_n.jpg

ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် Guinness Book of World Records ဟု ခေါ်ဆိုပါသည်။ ၎င်းကို ၁၉၅၅-ခုနှစ်မှ စ၍ နှစ်စဉ်ထုတ်ဝေခဲ့ပြီး နိုင်ငံတကာမှ ကမ္ဘာ့စံချိန်များကိုစုဆောင်း တင်ြပထားပါသည်။ ဂင်းနစ်ဟူသောအမည်မှာအိုင်ယာလန်နိုင်ငံရှိ ဂင်းနစ် (Arthur Guinness) ဘီယာကုမ္ပဏီကို ရည်စူးပါသည်။ ၁၇၅၂-ခုနှစ်တွင် အာသာဂင်းနစ် (၁၇၅၂-၁၈၀၃) ဆိုသော ပုဂ္ဂိုလ်တစ်ယောက်သည် ပေါင်ငွေတစ်ရာကို အမွေရ      ရှိခဲ့ပါသည်။ ၎င်းပေါင်ငွေတစ်ရာကို အရင်းပြု၍ အာသာဂင်းနစ်သည် ယမကာဆိုင်တစ်ခုကို စတင်တည်ထောင်ခဲ့ပါသည်။ ၁၇၅၉သို့ ရောက်သောအခါ ဒဗွလင်မြို့သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ သူသေဆုံးပြီးနောက် သားဖြစ်သူ အာသာ(၁၇၆၇-၁၈၅၂)၊ မြေးဖြစ်သူ ဘင်ဂျမင်ဂင်းနစ် (၁၇၉၈-၁၈၆၈) တို့က ဘီယာလုပ်ငန်းကိုဆက်လက်လုပ်ကိုင်ခဲ့ကြပါသည်။ ဘင်ဂျမင်လက်ထက်တွင်ဂင်းနစ် ဘီယာသည် အမေရိကန်၊အင်္ဂလန် နှင့် ဥရောပ တိုင်းပြည်များသို့ပါ တင်ပို့ရောင်းချနိုင်သည် အထိ လုပ်ငန်းအောင်မြင်ခဲ့ပါသည်။ ဂင်းနစ်မိသားစုသည် သူတို့၏ ဂင်းနစ်ဘီယာကို ကိုယ်ပိုင်စက်ရုံတည်ဆောက်ကာ ထုတ်လုပ်ရောင်းချခဲ့ခြင်းဖြစ်ပါသည်။ သူတို့၏ဘီယာ အောင်မြင်ရခြင်းတွင်အချက်(၂)ချက်သည် အရေးပါပါသည်။ ပထမအချက်မှာဂင်းနစ်ဘီယာ သည် အရည်သက်သက်မဟုတ်ဘဲ အနည်းငယ်စေးပျစ်သည်။ ဘီယာတစ်ပိုင့်ကိုငှဲ့မည်ဆိုပါက ၁၁၉ ဒသမ ၅-စက္ကန့်ကြာမည်ဟု ကြေငြာကာ စားသုံးသူကို စွဲဆောင်နိုင်ခဲ့ ပါသည်။ ဒုတိယအချက်မှာ ဂင်းနစ်ဘီယာ ထည့်ခွက်၏ ထူးခြားမှုပင် ဖြစ်ပါသည်။ ဂင်းနစ်ဘီယာ
ကုမ္ပဏီသည် ကိုယ်ပိုင်ခွက်တစ်မျိုးကို တီထွင်ထုတ်လုပ်ခဲ့ပါသည်။ အဆိုပါခွက်အတွင်းသို့ ဘီယာကိုထည့်မည်ဆိုပါက ဘီယာမြှုပ်များသည် အပေါ်သို့မတက်ဘဲ အောက်သို့ သာဆင်းသွားသည်ကို တွေ့မြင်ရမည်ြဖစ်ပါသည်။ ဤနည်းဖြင့် စားသုံးသူကို ကောင်းစွာ စွဲဆောင်နိုင်ခဲ့ကြပါသည်။၁၉၅၅-တွင် ဂင်းနစ်ဘီယာအရောင်းဆိုင်တစ်ဆိုင်၌ ဘီယာသောက်သူများ ငြင်းခုံမှုတစ်ခု ဖြစ်ကြပါသည်။ ၎င်းအငြင်းအခုံမှာမည်သည့် ငှက်သည် အမြန်ဆုံးပျံသန်းနိုင်သနည်းဟူသော မေးခွန်းနှင့်ဆက်စပ်နေပါသည်။ ငြင်းခုံသူများသည် အကိုးအကားစာအုပ်မျိုးစုံကို ရှာဖွေပါသော်လည်း ရှာမတွေ့နိုင်ဖြစ်နေပါသည်။ ဤတွင် ဆိုင်ရှင်ဖြစ်သူ ဂင်းနစ်မျိုးနွယ်တစ်ယောက်သည် ကမ္ဘာ့စံချိန်မှတ်တမ်း စာအုပ်တစ်အုပ် လိုအပ်ကြောင်း သတိပြုမိသွားပါသည်။ ဤသို့ဖြင့်၁၉၅၅-တွင် ပထမဆုံးဂင်းနစ်ကမ္ဘာ့စံချိန် စာအုပ်ထွက်ပေါ်လာပါသည်။ စာအုပ်ကိုတာဝန်ခံ ရေးသားသူမှာ ရော့စ်ဝှစ်တနာ နှင့်
နောရစ် ၀ှစ်တနာ(Ross and Noris Whitner) အမြွှာညီအစ်ကို နှစ်ယောက်ဖြစ်ပါသည်။ ၎င်းတို့သည် သတင်းထောက်များ၊ ဂျာနယ်တိုက်များမှ အချက်အလက်များ ကိုရယူပြီး စာအုပ်ရေးသားထုတ်ဝေခဲ့ပါသည်။ ပြီးနောက် ခရစ်စမတ်ဈေးရောင်းပွဲတော်အမှီ အောက်တိုဘာလတိုင်းတွင်စာအုပ်ကို နှစ်စဉ်ထုတ်ဝေခဲ့ပါသည်။ စာအုပ်တွင် ကြက်ဥအဝေးဆုံးရောက်အောင် ပစ်နိုင်သူ၊ ဆယ်မိနစ်အတွင်း ဟော့ဒေါ့ (Hot Dog) အများဆုံး စားနိုင်သူ၊ အရပ်အရှည်ဆုံးလူသား၊ အကြီးဆုံးကင်ဆာကျိတ်၊ အဆိပ်ပြင်းဆုံး အပင်၊ အတိုဆုံးမြစ်စသည်ဖြင့် ကမ္ဘာ့စံချိန်များကို မှတ်တမ်းတင်ဖော်ပြခဲ့ပါသည်။ ယခုအခါ ထိုစာအုပ်သည်  ကမ္ဘာ့အရောင်းရဆုံး စာအုပ်တစ်အုပ်ဖြစ်ပြီး တစ်နှစ်အတွင်း အကြိမ်ပေါင်းများစွာ ပုံနှိပ်ခဲ့ရပါသည်။ လူတို့သည် ထိုစာအုပ်တွင် မှတ်တမ်းတင်ခံရစေရန် အမျိုးမျိုး ကြိုးစားလာကြပါသည်။ တစ်ခါက ဂင်းနစ်စာအုပ်တွင် အလေးဆုံးကြောင် အကြောင်းကို ဖော်ပြခဲ့ပါသည်။ ထိုအခါ ကြောင်ပိုင်ရှင်များသည် သူတို့ကြောင်များ ကို စံချိန်ချိုးနိုင်အောင် အစာများ တနင့်တပိုးကျွေးခဲ့သဖြင့် ကြောင်သေဆုံးမှုများ ပေါ်ပေါက် လာပါသည်။  ထို့ကြောင့် စာအုပ်တွင် ကျန်းမာရေးနှင့် အသက်အန္တရာယ်ထိခိုက်စေသော ကိစ္စများကို ဖော်ပြဖြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ဂင်းနစ်စာအုပ်သည် တစ်ကမ္ဘာလုံးမှ စံချိန်များကို မှတ်တမ်းတင်ထားခြင်းဖြစ်ရာမြန်မာနိုင်ငံမှ ပုဂ္ဂိုလ်ထူးတစ်ဦးလည်း ပါဝင်ခဲ့ ပါသည်။ အဆိုပါပုဂ္ဂိုလ်ထူးမှာ မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီး ဦးဝိစိတ္တသာရာ ဘိဝံသ ပင်ဖြစ်ပါသည်။ ဆရာတော်ကြီးသည် ပိဋကတ်သုံးပုံ၊ စာမျက်နှာပေါင်း (၉၉၃၄) မျက်နှာကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်အာဂုံဆောင်နိုင်သောကြောင့်  ကမ္ဘာ့မှတ်ဉာဏ် အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် ဂင်းနစ်စာအုပ်တွင် နှစ်ကြိမ်တိုင် ဖော်ပြခံခဲ့ရပါသည်။ ဆရာတော်ကြီး၏ မှတ်ဉာဏ်ကိုချီးကျူးလိုလျှင် တိပိဋကဓရရွေးချယ်ရေး စာမေးပွဲအကြောင်း ကို သိထားသင့်ပါသည်။ ဤစာမေးပွဲသည် ပိဋကတ်သုံးပုံကို နှုတ်ဖြေ၊ ရေးဖြေဖြေဆိုရသော စာမေးပွဲဖြစ်ပြီး ကမ္ဘာပေါ်တွင် အခက်ခဲဆုံးစာမေးပွဲကြီး ဖြစ်ပါသည်။ မည်မျှခက်ခဲပါသနည်း ဆိုလျှင်  စတင်စစ်ဆေးသော မြန်မာနှစ် ၁၃၁၀-မှ ၁၃၆၂- အထိ ၅၃-နှစ်အတွင်း အောင်မြင်သူ ၉-ဦးသာရှိခဲ့ပါသည်။ စာမေးပွဲအောင်မှတ်မှာ အမှတ်၁၀၀-တွင်၇၅-မှတ်ရမှသာ အောင်မြင်
ပါ သည်။  ပိဋကတ်သုံးပုံကို အလွတ်ရွတ်ဆိုရာတွင် နံနက် ၈-နာရီမှ၁၀-နာရီအထိ တစ်ကြိမ်၊ နေ့လယ် ၁-နာရီမှ၎-နာရီအထိ တစ်ကြိမ်၊ တစ်နေ့လျှင် ၂-ကြိမ်ခွဲ၍ စာပြန်ရပါသည်။ သတ်မှတ်ထားသော အချိန်အတွင်း သတ်မှတ်ထားသော စာမျက်နှာအရေအတွက် ကိုပြီးအောင်ပြန်ဆိုရပါသည်။ အချိန်ကိုက် စာမပြန်နိုင်လျှင် စာမေးပွဲကျပါသည်။ တစ်နေ့လုံး အတွက်စာ ၅-ခါ ထောက်ပေးခွင်ရှိပါသည်။ ၅-ခါထက်ပို၍ ထောက်ပေးရလျှင် စာမေးပွဲ ကျပါသည်။ စာကို အလွတ်ရွတ်ဆိုရင်း ၀ါကျတစ်ခု ကျော်သွားပါက စာမေးပွဲကျပါသည်။ ထို့ကြောင့် ကမ္ဘာ့အခက်ဆုံး စာမေးပွဲကြီးဟု ဆိုရခြင်းဖြစ်ပါသည်။ ဆရာတော်ကြီးသည် အဆိုပါ စာမေးပွဲကြီးတွင် စာမျက်နှာ၉၉၃၄-မျက်နှာလုံးကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်ရွတ်ဆိုနိုင်ခဲ့ပါသည်။ ထိုမျှမကသေး။ စာအုပ်မူကွဲ အမျိုးမျိုး ရှိပါက မည်သည့်စာအုပ်၊ စာမျက်နှာမည်မျှ၊ စာကြောင်းရေမည်မျှတွင် မည်သို့ဆိုသည် မည်သည့်စာအုပ်က အမှန် ဖြစ်သည်ဟူသည်အထိ ထောက်ပြနိုင်လောက်အောင် ပညာဉာဏ်ကြီးမားလွန်းလှပါသည်။ ရေးဖြေ ဖြေဆိုရာ၌လည်း
သီလက္ခန္ခ၀ဂ်                 -     ၉၃-မှတ်
မဟာဝဂ်                       -     ၉၇-မှတ်
ပါတိက၀ဂ်                    -     ၉၇-မှတ်
ပါရာဇိကဏ်                 -     ၈၉-မှတ်
ပါစိတ်ပါဠိတော်             -     ၉၉-မှတ်
မဟာဝဂ္ဂပါဠိတော်          -     ၉၂-မှတ်
စူဠ၀ဂ္ဂပါဠိတော်             -     ၉၈-မှတ်
ပရိဝါပါဠိတော်              -      ၁၀၀-မှတ်
စသည်ဖြင့် ဘာသာတိုင်းကို ဂုဏ်ထူးမှတ် ၈၅-မှတ် အထက်ဖြင့် ဖြေဆိုအောင်မြင်ခဲ့ပါသည်။ ဆရာတော်ကြီးကို ၁၂၇၃၊ တန်ဆောင်မုန်းလဆန်း ၁၁-ရက်နေ့တွင် မြင်းခြံမြို့နယ်၊ကျည်ပင် ရွာသူကြီး ဦးဆုံ၊ ဒေါ်ဆင်တို့မှ ဖွားမြင်ခဲ့ပါသည်။ ငယ်မည် မောင်ခင်ဖြစ်ပါသည်။ ၇-နှစ်သား အရွယ်တွင် သာမဏေ ၀တ်ခဲ့ပြီး ၁၅-နှစ်သားတွင် ပထမငယ်တန်း၊ ၁၆-နှစ်သားတွင် ပထမလတ်တန်း၊ ၂၀-နှစ်တွင် ပထမကြီးတန်းတို့ကို အောင်မြင်ခဲ့ပါသည်။ ၁၂၉၅-တွင် အစိုးရပထမကြီးတန်းကို ပထမကျော်ဟူသော ဘွဲ့ထူးဖြင့် အမြင့်ဆုံး အောင်မြင်ခဲ့ပါသည်။ ထိုနှစ်တွင်ပင် သကျသီဟစာသင်တန်းကိုလည်းကောင်း၊ ၁၂၉၆-တွင် စာချတန်းကို လည်းကောင်း    တစ်ဆက်တည်းအောင်မြင်၍ ၀ဋံသကာ(ဦးဆောက်ပန်းဘွဲ့) ဖြင့်ချီးကျူး ပူဇော်ခြင်းခံခဲ့ရပါသည်။ ပိဋကတ်သုံးပုံကို အထောက်အမကင်းစွာ အာဂုံပြန်ဆို နိုင်သောကြောင့်  တရားဘဏ္ဍာစိုးဟုအဓိပ္ပယ်ရသော တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့ကို ဆက်ကပ်ခြင်းခံခဲ့ ရပါသည်။ ဆဋ္ဌသံဂါယနာတင်ပွဲကြီးတွင်လည်း  မဟာစည်ဆရာတော်ကြီး မေးသမျှကို တစ်လုံးတစ်ပါဒမျှ ထစ်ငေါ့ခြင်းမရှိဘဲ ဖြေဆိုတော်မူ၍ ဆဋ္ဌသင်္ဂတိသဇကအဖြစ် ဆောင်ရွက် ခဲ့ပါသည်။ ထို့ပြင်စာမျက်နှာပေါင်း ၅၀၀၀ ကျော်ရှိသော မဟာဗုဒ္ဓ၀င်ကျမ်းကြီးများကိုလည်း ပြုစုခဲ့ပါသည်။ ထို့ကြောင့်လည်း အစိုးရအဆက်ဆက်က ဆရာတော်ကြီးကို ဘွဲ့ထူးအမျိုးမျိုးဖြင့် ချီးကျူး ပူဇော်ခဲ့ကြပါသည်။ သာသနာ့အာဇာနည် အဂ္ဂမဟာပဏိတ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒမ္မဇောတိက၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသင်္ဂါယနာ ၀ိသဇက၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ်ဆရာတော်ကြီး
ဦးဝိစိတ္တသာရာဘိဝံသ သည် ၉-၂-၁၉၉၃၊အင်္ဂါနေ့  ညနေ၊ ၄-နာရီ ၄၀-မိနစ်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။

(စာရေးသူ သန်းမင်းထွဋ် မင်္ဂလာမောင်မယ် အတွဲ-၁ရ၊ အမှတ်-၂၊ ၂၀၀၅-ခုနှစ်၊ ဖေဖော်ဝါရီလ)ထုတ်မှ
စာဖတ်သူများအား မျဝေခြင်းဖြစ်ပါသည်။
နေပြည်တာ် ဥပ္ပါဒသန္တိ စေတီတော် မိဂါဝုန်ဆရာတော် ကြွရောက်စဉ် တပည့်တကာများနှင့် အမှတ်တရ

" ဗုဒ္ဓရှင်တော်မြတ် မြင့်တွေ့လိုသော သာသနာ...
                                  


  • - သာသနာဟူသည် ဘုံဗိမာန်ကြီးတို့ ထီးထီးမားမားပေါ်ပေါက်
    လာခြင်းမျိုး မဟုတ်ချေ။

ရဟန်း ရှင်လူ မှီခိုသူတို့ ကြက်ပျံမကျစည်ကားပေါများလာခြင်း
မျိုးလည်း မဟုတ်ချေ။

ထိုဘုံဗိမာန် လူ ရှင် ပရိသတ်အခြံအရံတို့သည် သာသနာပြုရန်၏ ပြင်ဆင်မှုမျှသာဖြစ်ဘိ၏။ စစ်တိုက်ရန်ပြင်ဆင်နေသူ တပ်မမှူး၏
ရိက္ခာ၊ လက်နက်၊ လူသူတွက်၍ ဖြည့်စွက်စုဆောင်းသည့် အခြေခံ
ပဏာမသဖွယ်မျှသာ ရှိချေသေး၏။

ထို ဘုံဗိမာန် လူ ရှင် ပရိသတ် စည်ကားမှုတို့သည် ပေါက်သစ်စ
ကျွန်း၊ ပျဉ်းကတိုး၊အင်ကြင်း မျိုးတို့ကဲ့သို့ အနှစ်မပါအကာသက်သက်
မျှသာ ရှိချေသေး၏။

သို့ကြောင့် သာသနာတော်သန့်ပြန့်စင်ကြယ်စေရန်ကိုသော်
လည်းကောင်း၊ တည်တံ့ ခိုင်မြဲရန်ကိုသော်လည်းကောင်း၊ ပြန့်ပွားရန်
ကိုသော်လည်းကောင်း မည်သည့် အမျိုးအစားကိုမျှ တာဝန်ယူနိုင်
လိမ့်မည် မဟုတ်ချေ။

စင်စစ် အတွင်းသိက္ခာမဲ့သော စည်ကားမှု မှန်သမျှ
ရှုပ်ထွေးမှု ဗွက်နွံတွင်းသို့သာနောက်ဆုံးဥခေါင်းဆိုက်ရသည်သာ
ဖြစ်ချေတော့၏။ ပညာကင်းသော သဒ္ဓါအဖျင်းသို့သာသက်စေ၏။

စင်စစ် ဘုရားရှင်ညွှန်ကြားတော်မူသော သီလ သိက္ခာ၊ သမာဓိသိက္ခာ၊
ပညာ သိက္ခာဟူသည့် အတွင်းသာသနာတော်တည်ခြင်းသည်သာ -

- သီလသိက္ခာ - မကောင်းမှုမှန်သမျှ ဘာတစ်ခုမျှ မပြုကျင့်
ခြင်းဖြင့် သာသနာ့သန်ရှင်းရေးကို တာဝန်ခံနိုင်ချေ၏။

- သမာဓိသိက္ခာ - ကောင်းမှုမှန်သမျှ ဥဿုံပြည့်ဝစေခြင်းဖြင့်
သာသနာတော်တည်တံ့ရေးကို တာဝန်ခံနိုင်ချေ၏။

- ပညာသိက္ခာ - မိမိစိတ်ဓာတ် ဖြူစင်မြင့်မြတ်ခြင်းဖြင့်
သာသနာတော် ပြန့်ပွားရေးကို တာဝန်ခံနိုင်ချေ၏။

ဤသို့သာ မုချသာသနာ မည်ထိုက်စွာ၏။ ထိုမုချသာသနာကို
ပိုင်နိုင်စွာ ဆုပ်ကိုင်ထားနိုင်သူ၏ စည်းရုံးလှုံ့ဆော် ဟောဖော်ပြသ
ဆိုဆုံးမစကားရပ်တို့ သည်ကား မိမိကိုယ်ကို ဦးစွာချစ်ပြီးမှသာ
သူတစ်ပါးတို့သို့ မျှတစွာချစ်လျက်သွန်သင်ရာစကားဖြစ်ခြင်းကြောင့်
သန့်ရှင်းခြင်းကိုလည်းကောင်း၊ တည်တံ့ခြင်းကိုလည်းကောင်း၊
ပြန့်ပွားခြင်း ကိုလည်းကောင်း တာဝန်ယူနိုင်ပေ၏။

သာသနာပြုတို့၏ စိတ်နေသဘောထားကိုလည်း
အကောင်းကြား၊ အဆိုးကြားတို့ထဲမှပင်ခံ့ညားထည်ဝါစွာ ဖော်ထုတ်
ပြသနိုင်ချေ၏။ ထိုသားတော်မျိုးကိုသာ ငါဘုရား၏ ရွှေရင်တော်နှစ်
ရင်သွေးစစ်ဟူ၍ ချီးကျူးတော်မူချေ၏။

ထိုသာသနာမျိုးကိုသာ ငါလျှင်စိုက်ထား မျိုးစေ့ပွား ဟူ၍
ချီးကျူးတော်မူမည်ဖြစ်ချေ၏။

- ( ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး )

Young Buddhist's Association မှ=တဆင့် ကူးယူဖော်ပြ ပေးပါသည်။။။