Wednesday 21 November 2012


" ဗုဒ္ဓရှင်တော်မြတ် မြင့်တွေ့လိုသော သာသနာ...
                                  


  • - သာသနာဟူသည် ဘုံဗိမာန်ကြီးတို့ ထီးထီးမားမားပေါ်ပေါက်
    လာခြင်းမျိုး မဟုတ်ချေ။

ရဟန်း ရှင်လူ မှီခိုသူတို့ ကြက်ပျံမကျစည်ကားပေါများလာခြင်း
မျိုးလည်း မဟုတ်ချေ။

ထိုဘုံဗိမာန် လူ ရှင် ပရိသတ်အခြံအရံတို့သည် သာသနာပြုရန်၏ ပြင်ဆင်မှုမျှသာဖြစ်ဘိ၏။ စစ်တိုက်ရန်ပြင်ဆင်နေသူ တပ်မမှူး၏
ရိက္ခာ၊ လက်နက်၊ လူသူတွက်၍ ဖြည့်စွက်စုဆောင်းသည့် အခြေခံ
ပဏာမသဖွယ်မျှသာ ရှိချေသေး၏။

ထို ဘုံဗိမာန် လူ ရှင် ပရိသတ် စည်ကားမှုတို့သည် ပေါက်သစ်စ
ကျွန်း၊ ပျဉ်းကတိုး၊အင်ကြင်း မျိုးတို့ကဲ့သို့ အနှစ်မပါအကာသက်သက်
မျှသာ ရှိချေသေး၏။

သို့ကြောင့် သာသနာတော်သန့်ပြန့်စင်ကြယ်စေရန်ကိုသော်
လည်းကောင်း၊ တည်တံ့ ခိုင်မြဲရန်ကိုသော်လည်းကောင်း၊ ပြန့်ပွားရန်
ကိုသော်လည်းကောင်း မည်သည့် အမျိုးအစားကိုမျှ တာဝန်ယူနိုင်
လိမ့်မည် မဟုတ်ချေ။

စင်စစ် အတွင်းသိက္ခာမဲ့သော စည်ကားမှု မှန်သမျှ
ရှုပ်ထွေးမှု ဗွက်နွံတွင်းသို့သာနောက်ဆုံးဥခေါင်းဆိုက်ရသည်သာ
ဖြစ်ချေတော့၏။ ပညာကင်းသော သဒ္ဓါအဖျင်းသို့သာသက်စေ၏။

စင်စစ် ဘုရားရှင်ညွှန်ကြားတော်မူသော သီလ သိက္ခာ၊ သမာဓိသိက္ခာ၊
ပညာ သိက္ခာဟူသည့် အတွင်းသာသနာတော်တည်ခြင်းသည်သာ -

- သီလသိက္ခာ - မကောင်းမှုမှန်သမျှ ဘာတစ်ခုမျှ မပြုကျင့်
ခြင်းဖြင့် သာသနာ့သန်ရှင်းရေးကို တာဝန်ခံနိုင်ချေ၏။

- သမာဓိသိက္ခာ - ကောင်းမှုမှန်သမျှ ဥဿုံပြည့်ဝစေခြင်းဖြင့်
သာသနာတော်တည်တံ့ရေးကို တာဝန်ခံနိုင်ချေ၏။

- ပညာသိက္ခာ - မိမိစိတ်ဓာတ် ဖြူစင်မြင့်မြတ်ခြင်းဖြင့်
သာသနာတော် ပြန့်ပွားရေးကို တာဝန်ခံနိုင်ချေ၏။

ဤသို့သာ မုချသာသနာ မည်ထိုက်စွာ၏။ ထိုမုချသာသနာကို
ပိုင်နိုင်စွာ ဆုပ်ကိုင်ထားနိုင်သူ၏ စည်းရုံးလှုံ့ဆော် ဟောဖော်ပြသ
ဆိုဆုံးမစကားရပ်တို့ သည်ကား မိမိကိုယ်ကို ဦးစွာချစ်ပြီးမှသာ
သူတစ်ပါးတို့သို့ မျှတစွာချစ်လျက်သွန်သင်ရာစကားဖြစ်ခြင်းကြောင့်
သန့်ရှင်းခြင်းကိုလည်းကောင်း၊ တည်တံ့ခြင်းကိုလည်းကောင်း၊
ပြန့်ပွားခြင်း ကိုလည်းကောင်း တာဝန်ယူနိုင်ပေ၏။

သာသနာပြုတို့၏ စိတ်နေသဘောထားကိုလည်း
အကောင်းကြား၊ အဆိုးကြားတို့ထဲမှပင်ခံ့ညားထည်ဝါစွာ ဖော်ထုတ်
ပြသနိုင်ချေ၏။ ထိုသားတော်မျိုးကိုသာ ငါဘုရား၏ ရွှေရင်တော်နှစ်
ရင်သွေးစစ်ဟူ၍ ချီးကျူးတော်မူချေ၏။

ထိုသာသနာမျိုးကိုသာ ငါလျှင်စိုက်ထား မျိုးစေ့ပွား ဟူ၍
ချီးကျူးတော်မူမည်ဖြစ်ချေ၏။

- ( ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး )

Young Buddhist's Association မှ=တဆင့် ကူးယူဖော်ပြ ပေးပါသည်။။။

No comments:

Post a Comment