ရမ္မာနွယ်
Pages
Home
စာအုပ်
ဗွီဒီယို
ကဗျာ
တရား
ဆက်သွယ်ရန်
ဆောင်းပါး
ဓါတ်ပုံ
Tuesday, 27 November 2012
ဘာတွေလိုအပ်ခဲ့တာလဲ....
မတူအကျိုး လူလေးမျိုး }
• ကိုယ်တိုင်လှူဒါန်း၊ မတိုက်တွန်းပါ၊ ဖြစ်လေရာဝယ်၊ ဥစ္စာကြွယ်လည်း၊ ခြွေရံနည်း၊ အမြဲအားငယ်ရ။
• တိုက်တွန်းရုံသာ၊ မလှူပါက၊ ဘ၀စုန်ဆန်၊ ခြွေရံပေါလည်း၊ ဥစ္စာမွဲ၊ အမြဲစိတ်ပူရ။
• ကိုယ်မလှူဒါန်း၊ မတိုက်တွန်းပါ၊ ဖြစ်လေရာဝယ်၊ ဥစ္စာလည်းမွဲ၊ ခြွေရံနဲ၊ ဆင်းရဲပင်ပန်းရ။
• ကိုယ်တိုင်လှူဒါန်း၊ တိုက်တွန်းတတ်ပါ၊ ဖြစ်လေရာဝယ်၊ ဥစ္စာပေါများ၊ ခြွေရံပွား၊ စွမ်းအားပြည်စုံရ။
• မတူအကျိုး၊ လူလေးမျိုး၊ တန်ဖိုးမညီကြ။
ယောဆရာတော်
(ဓမ္မလမ်းပြကြယ်)
စိတ်ထားပြုပြင် ပြောင်းပါ့မယ်...........
တန်းတူတွေ့ရင်၊ မေတ္တာဝင်၊ မ၀င်နိုင်က ပြိုင်တတ်တယ်။
ပြိုင်မယ့်အစား၊ မေတ္တာပွား၊ စိတ်ထားပြုပြင်ပြောင်းပါ့မယ်။
- ကိုယ့်အောက်တွေ့ရင်၊ ကရုဏာဝင်၊ မ၀င်နိုင်က နိုင်တတ်တယ်။
နိုင်မယ့်အစား၊ ကရုဏာပွား၊ စိတ်ထားပြုပြင်ပြောင်းပါ့မယ်။
- ကိုယ်ထက်သာရင် မုဒိတာဝင်၊ မ၀င်ဣသာ ယိုင်တတ်တယ်။
ယိုင်မယ့်အစား၊ မုဒိတာပွား၊ စိတ်ထားပြုပြင်ပြောင်းပါ့မယ်။
- ရုပ်ကိုလည်းပြင်၊ စိတ်လည်းပြင်၊ ပြင်ဆင်တိုင်းရ၊ ပြုတိုင်းလှ၊
သုခနိဗ္ဗာန်တိုင်လိမ့်မယ်။ "
~ (မစိုးရိမ်ပဋ္ဌာန်းဆရာတော်ဘုရာြး ကီးအရှင်ဝိသုဒ္ဓါဘိဝံသ)
(မိမိသည်စာရေးဆရာ မဟုတ်ပါ ၊စာပေ၀ါသနာချင်တစ်ယောက်သာဖြစ်သည်
အများအတွက် အကျိုးနှိင်သောကြောင့် တင်ပြပေးခြင်သည်သာလျှင်ဖြစ်ပါသည်)
ယခုတင်ပြပေးသော လင်္ကာ၊ဆောင်ပုဒ် ၊ကဗျာ များကို ဖော်ပြရခြင်းရည်ချက်သည် မူလရေးစပ်ခဲ့သော
ဆရာတော်ကြီးများကို ပူဇော်လိုကြောင့်ဖော်ပြခြင်းဖြစ်ပါသည်။
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment